Trending Now

တရုတ်နိုင်ငံ စစ်ရေးအသုံးစာရိတ် အမေရိကန် ဒေါ်လာ ၂၂၄ ဘီလီယံ အထိ တိုးမြင့်

Spread the love

တရုတ်နိုင်ငံ စစ်ရေးအသုံးစာရိတ် အမေရိကန် ဒေါ်လာ ၂၂၄ ဘီလီယံ အထိ တိုးမြင့်

EPN
နိုင်ငံတကာ၊ မတ် ၆

ထိုင်ဝမ်၊ အမေရိကန်တို့နဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ တရုတ်နိုင်ငံက စစ်ရေးအသုံးစာရိတ် ၇ ဒဿမ ၂ ရာခိုင်နှုန်းတိုးမြင့်သွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုနှစ်မှာ စုစုပေါင်း စစ်ရေးအသုံးစာရိတ် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံအထိရှိလာမယ်လို့ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး ဘတ်ဂျက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ အာဏာရလာတာ နှစ်တစ်ရာပြည်ဖြစ်တဲ့ ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်လာဖို့ မျှော်မှန်းထားပြီး အဆင့်မီ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို တည်ဆောက်ဖို့ ဆယ်စုနှစ်များစွာ ကြိုးပမ်းနေပါတယ်။

အနောက်တိုင်းက ကျွမ်းကျင်သူတွေ အများအပြားက တရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစာရိတ်ဟာ တရားဝင် ကိန်းဂဏန်းထက် များစွာကျော်လွန်မယ်လို့ ခန့်မှန်းထားပြီး ထိုင်ဝမ်အပေါ် ဖိအားတွေတိုးလာနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ လိုအပ်ပါက ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူနိုင်တယ်လို့ ပုံမှန်ဖော်ပြနေပေမယ့် မစ္စတာလီက ငြိမ်းချမ်းသော နည်းလမ်းနဲ့ ထိုင်ဝမ်ကို ပေါင်းစည်းဖို့ ရည်ရွယ်ထားတယ်လို့ တနင်္ဂနွေနေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပင်တဂွန်ရဲ့ နောက်ဆုံး အစီရင်ခံစာအရ တပ်ဖွဲ့ဝင် ၂ ဒဿမ ၂ သန်းရှိတဲ့ တရုတ်စစ်တပ်ဟာ ကမ္ဘာ့အကြီးဆုံး စစ်တပ်တွေထဲက တစ်ခုဖြစ်သလို နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘော Fujian ကို လမယ့်နှစ်မှာ စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref; China’s Military-Spending Growth to Accelerate to 7.2% This Year

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။