Trending Now

မြစ်ကြီးနား-ဖားကန့် သွားလမ်းပေါ်ရှိ နန့်ယား တပ်စခန်းအား KIA က လာရာက်တိုက်ခိုက်

Spread the love

မြစ်ကြီးနား-ဖားကန့် သွားလမ်းပေါ်ရှိ နန့်ယား တပ်စခန်းအား KIA က လာရာက်တိုက်ခိုက်

EPN
ဖားကန့်၊ ဧပြီ ၉ (၂၀၂၄)

မြစ်ကြီးနား-ဖား ကန့်သွားလမ်းပေါ် နန့်ယားကျေးရွာရှိ တပ်စခန်းအား KIA က (ဧပြီလ ၉ ရက်) ဒီကနေ့၊ မနက်ပိုင်းမှာ လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

” နန့်ယား တပ်စခန်းကို ထိန်းချုပ်ခြင်လို့လားတော့ မသိဘူး။ ဒီကနေ့ မနက် အစောပိုင်းက ပစ်ခတ်သံတွေ ကြားနေတယ်။ ဖားကန့်လမ်းပေါ်က တပ်စခန်းတွေကို အကုန်ထိန်းချုပ်ဖို့ အင်အားသုံးပြီး အဓိကကျတဲ့ တပ်စခန်းတွေကို လိုက်တိုက်နေတယ် ” ဟု အမည်မဖော်လိုသူ နန့်ယားဒေသခံတစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်တွင် နန့်ယားတပ်စခန်းတွင် တပ်မတော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းကုန်းတစ်ခု ဖြစ်သည့်အတွက် KIA၊ PDF ပူးပေါင်းအဖွဲ့မှ အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခြင်းသာ ဖြစ်ကြောင်း နန့်ယားဒေသခံများကဆိုသည်။

ယင်းကဲ့သို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ခရီးသွားပြည်သူများမှာ မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းတို့တွင် ပိတ်မိနေခြင်းများ ဖြစ်ပွားခဲ့ပြီး ခရီးသွားလာသူများနှင့် ကုန်စည်ပို့ဆောင်ရေးကားများ ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ရီလ အတွင်းက နန့်ယား တပ်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ရာ နန့်ယားဂိတ်တွင် ရပ်ထားသည့် ကုန်စည်ပို့ဆောင်ရေး ကားဆရာ တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖားကန့်သွားလမ်းမပေါ်မှာရှိ နမ်တိန့်တပ်စခန်းကိုလည်း KIA ၊ PDF ပူးပေါင်းအဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ တစ်လကျော်အကြာတွင် နန့်ယားတပ်စခန်းကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရန်နိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။