Trending Now

မိုးကောင်းချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ထပ်မံမြင့်တက်ဖွယ်ရှိနေ

Spread the love

မိုးကောင်းချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ထပ်မံမြင့်တက်ဖွယ်ရှိနေ

EPN
မြစ်ကြီးနား၊ ဇွန်လ ၁၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်နေပြီး ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်ဖွယ်ရှိနေကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမူဦးစီးဌာန မှသိရသည်။

လက်ရှိအချိန်တွင် ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက် များတွင် ယမန်နေ့ ညပိုင်းမှစတင်ကာ ရေနစ်မြုပ်များ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ရေဘေးလွတ်သည့် မိသားစုများထံ ပြောင်းရွေ့လျက်ရှိကြောင်းဒေသခံတစ်ဦးကပြောသည်။

“ညပိုင်းလောက်ကစပြီး ရေတက်လာတာဖြစ်တယ်၊ ရေတက်တာတော့ နှစ်စဉ်တက်တော့ ဒီအချိန်ရောက်ရင် ရေဝင်တက်တဲ့ အနိမ့်ပိုင်းက အိမ်တွေက ဆွေမျိုးတွေအိမ်မှာနေတာမျိုးတွေ၊ မပြောင်းရွှေ့ဘဲ ရေလွတ်အောင်နေတာတွေ လုပ်ထားပြီးပြီဖြစ်တယ်၊ ရပ်ကွက် (၄)ရပ်ကွက်က အနိမ့်ပိုင်းနေအိမ်တွေလောက်မှာ ရေဝင်နေပြီးဖြစ်တယ်၊”ဟု ၎င်းကပြောသည်။

လက်ရှိတွင် စိုးရိမ်ရေအမှတ်ကျော်လွန်ထားသလို လာမည့် ရက်ပိုင်းအတွင်း ထက်မံမြင့်တက်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ကြရန် ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမူဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုထားသည်။

“အခုက မိုးကောင်းချောင်မှာ စိုးရိမ်ရေအမှတ်ထက် (၂)စင်တီမီတာပိုနေပြီ၊ မိုးကောင်းချောင်း အထက်ပိုင်းဘက်မှာလည်း မိုးတွေရွာနေတယ်၊ဒီတော့ လာမဲ့ ၃ရက် ၄ ရက်လောက်တော့ ချောင်းရေ ကဆက်လက်မြင့်တက်လာအုံးမှာပါ၊ နောက်ပြီး နန့်ကောင်း ချောင်းရေလဲ မြင့်တက်လာနေပြီ ၊စိုးရိမ်ရေအမှတ် အောက် (၃၀) စင်တီမီတာ ပဲလိုတော့တယ်၊ ဒီတော့ ချောင်ဘေးမှာနေထိုင်တဲ့သူတွေ ၊ အနိမ့်ပိုင်းမှ နေတဲ့ သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ပြောလိုတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မိုးကောင်းမြို့၏ အထက်ဘက် မြို့နယ်များဖြစ်သည့် ဖားကန့်မြို့နယ်များမှာလည်း မိုအဆက်မပျက်ရွာသွန်းနေမူကြောင့် မိုးကောင်းချောင်းရေမှာ လာမည့်ရက်ပိုင်းအတွင်း ၆၂၀ စင်တီမိတာအထိ မြင့်တက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ မိုးကောင်းချောင်ရေ၏ စိုးရိမ်ရေ အမှတ်မှာ ၆၀၀ စင်တီမိတာ ဖြစ်ပြီး လက်ရှိမှာတော့ချောင်ရေအမှတ် ၆၀၂ စင်တီမိတာအထိ မြင့်တက်နေသလို အနိမ့်ပိုင်းရပ်ကွက် ၄ ခုခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။