Trending Now

ပြည်ထောင်စုဝန်ကြီး(ဟောင်း)၏ သားဖြစ်သူ မူးယစ်၊လက်နက်မှုများဖြင့် ထောင်ဒဏ်နှစ်(၃၀) ကျခံရ

Spread the love

ပြည်ထောင်စုဝန်ကြီး(ဟောင်း)၏ သားဖြစ်သူ မူးယစ်၊လက်နက်မှုများဖြင့် ထောင်ဒဏ်နှစ်(၃၀) ကျခံရ
 

EPN
ရန်ကုန်၊မတ်-၃၀

ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို လက်နက်မှု၊မူးယစ်ဆေးဝါးများဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံးက ထောင်ဒဏ်(၃၀ နှစ် ၇လ)ကျခံရန် ယနေ့(မတ်-၃၀)ရက်မှာ အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၇ ခုနှစ် အောက်တိုဘာ(၁၅)ရက်၌ နေပြည်တော်လေဆိပ်၌ ပစ္စတိုသေနတ်၊အခြားသော တန်ဖိုးမြင့်သေနတ်များကို ဖမ်းမိခဲ့ပါတယ်။ထိုနောက် ၎င်းနှင့် သက်ဆိုင်သည့် နေရာများကို ရဲတပ်ဖွဲ့မှ ဆက်လက်ဖော်ထုတ်ရာ မှုးယစ်ဆေးဝါးနှင့်လက်နက်အချို့ ထပ်မံ ဖမ်းမိခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖြိုးကိုကိုတင့်ဆန်းအပါအဝင် အပေါင်းအပါ (၁၁)ဦးကို ပုဒ်မ (၁၄)နဲ့ တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။