Trending Now

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည် ရှစ်သိန်းကျော်ထိ မြင့်တက်လာဟု ISP-Myanmar ထုတ်ပြန်

Spread the love

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည် ရှစ်သိန်းကျော်ထိ မြင့်တက်လာဟု ISP-Myanmar ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဧပြီ ၃၀

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် ၈ သိန်း ကျော်ထိ တိုးမြှင့်လာခဲ့သည်ဟု ISP-Myanmar မြန်မာထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှစတင်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်ထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် စစ်ဘေးဒုက္ခသည် အရေအတွက်သည် ၈၁၀၈၈၉ ဦးကျော် ရှိနေကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။

နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် မတိုင်မီတွင် စစ်ဘေးဒုက္ခသည် အရေအတွက် ၄၉၇၂၀၀ ဦးကျော် ရှိသဖြင့် လက်ရှိတွင် နိုင်ငံတစ်ဝှမ်းတွင် ဒုက္ခသည် စုစုပေါင်း တစ်သန်းနှင့် သုံးသိန်းကျော်ထိ ရှိလာခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များသည် နယ်စပ်ဒေသများရှိ IDP စခန်းများ၌ အများဆုံး နေထိုင်နေ ရပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ဘေးဒုက္ခသည် ၁ သန်း ကျော်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများဖြစ်သည့် စစ်ကိုင်းဒေသ နှင့် ကယား နှစ်ခု၌ စစ်ဘေးရှောင်ဦးရေ လေးသိန်းခွဲနီးပါးထိ ရှိလာပြီး ယင်းဒေသများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် စစ်ဘေးဒုက္ခသည် ပိုမိုတိုးလာဖွယ် ရှိနိုင်သည်ဟု ISP-Myanmar က ခန့်မှန်းထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။