Trending Now

နိုင်ငံတကာ ငွေပေးချေကဒ်တွေရဲ့ ပေးချေနိုင်တဲ့ ပမာဏ ထက်ဝက်လျော့ချ

Spread the love

နိုင်ငံတကာ ငွေပေးချေကဒ်တွေရဲ့ ပေးချေနိုင်တဲ့ ပမာဏ ထက်ဝက်လျော့ချ

EPN

မြစ်ကြီးနား၊ ဧပြီ ၉

နိုင်ငံတကာငွေပေးချေမှုမှာ အသုံးပြုနေတဲ့ Visa/Master Card များအပါအဝင် မြန်မာငွေနဲ့အသုံးပြုနေတဲ့ ကဒ်တွေမှာ ငွေပမာဏသုံးစွဲခွင့်ကို ထက်ဝက်လျှော့ချလိုက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

ယခင်က International Prepaid Card (Master Card, VISA, UPI Prepaid Card) ကဒ် တစ်ကဒ်ကို တလမှာ အများဆုံး ဒေါ်လာ ၅၀၀၀ အသုံးပြုခွင့်ပြုခဲ့ပေမယ့် ဧပြီလ ၇ ရက်နေမှ စတင်ပြီး ဒေါ်လာ ၂၅၀၀ ကိုသာ ထည့်သွင်းအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် International Credit Card (Master Card, VISA, UPI, JCB, Credit Card) များကိုလည်း ယခင်က တစ်လကို တစ်ကတ်လျှင်အများဆုံးသောပမာဏဖြစ်သည့် ကျပ်သိန်း ၅၀ ကို ၂၅ သိန်းအဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

အဆိုပါ International Prepaid Card, International Credit Card, International Cobrand Card ထုတ်ဝေ ခြင်း ကတ်သုံးစွဲလက်ခံခြင်းတို့အတွက်ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စာရင်းဌာနကို အပတ်စဉ် ပေးပို့ရ မှာဖြစ်ပြီး ပြုလုပ်ခဲ့တဲ့ ငွေသွင်း၊ငွေထုတ် စရင်းကို သုံးရက်အတွင်း ပေးပို့သွားရမယ်လို့ ဆိုပါတယ်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။