Trending Now

၁၇ကြိမ်မြောက် ထီသိန်းတစ်သောင်းခွဲဆုအား ဆွတ်ခူး ကနီမြို့နယ် ဝရာကျေးရွာမှ အမျိုးသားတစ်ဦး ဆွတ်ခူး

Spread the love

၁၇ကြိမ်မြောက် ထီသိန်းတစ်သောင်းခွဲဆုအား ဆွတ်ခူး ကနီမြို့နယ် ဝရာကျေးရွာမှ အမျိုးသားတစ်ဦး ဆွတ်ခူး

EPN
မုံရွာ၊ ဇူလိုင် ၁

၁၇ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲဆုကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာမှ ကိုသောင်းထိုက်လင်းမှ ဆွတ်ခူးခဲ့ကြောင်း ထီဆိုင်ရှင် ကိုစိုးဝင်း က ပြောသည်။

ယနေ့ ထွက်ရှိသော ၁၇ ကြိမ်မြောက် အောင်ဘာလေထီ ည-၈၅၃၀၉၅ ထီလက်မှတ်အား မုံရွာမြို့ ရုံးကြီးရပ်ကွက် ဗိုလ်ချုပ်လမ်း ရဲတိုက်တန်းတွင် ဖွင့်လှစ်ထားသည့် ကိုစိုးဝင်းပိုင်ဆိုင်သော အောင်ဆုထူးပိုင် ထီဆိုင်မှ ထိုိးခဲ့ခြင်းဖြစ်သည်။

“ကနီမြို့နယ် ဝရာကျေးရွာမှ ကိုသောင်းထိုက်လင်းပါ။ ၁၇ကြိမ်မြောက်မှာ ထီသိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးသွားတာဖြစ်ပါတယ်။ ပေါက်တဲ့သူကိုတော့ အကြောင်းကြား ထားပါတယ်”ဟု ၎င်းကပြောသည်။
အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းသည် လွန်ခဲ့သည့် ၇ နှစ်က သိန်းနှစ်ရာဆုကို ဆွတ်ခူးခဲ့ပြီး လွန်ခဲ့သည့်၂နှစ်လောက်က သိန်းတစ်သောင်းဆုကို ပေါက်ဖူးခဲ့သည်။

“ဒါတွေကတော့ ကိုယ်တိုင်ပေါက်ခဲ့တာတွေပါ။ အခုကနီမြို့နယ်က လူပေါက်တော့ ဝမ်းသာပါတယ်။ ဘယ်သူပဲပေါက်ပေါက်ဝမ်းသာပါတယ်”ဟု၎င်း က ပြောပြသည်။

၁၆ကြိမ်မြောက် အောင်ဘာလေထီ အမြင့်ဆုံးဆုကြီး ဖြစ်သည့် ကျပ်သိန်းတစ်သောင်းခွဲ ဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်မှ မောင်နှမ နှစ်ဦးက ဆွတ်ခူးခဲ့သည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။