Trending Now


Spread the love


EPN
မိုးကောင်း၊ မတ်-၁၅




ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သျှားထက်အောင်သည် တာဝန်ကျတပ်ဖွဲ့ဝင်များ၊ ခမရ (၃၈၁) မှ ဗိုလ်ကြီးစိုးမိုး ဦးစီး တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မတ်လ ၁၅ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲ အချိန်ခန့်တွင် မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် တနိုင်းမြို့မှ မြစ်ကြီးနားမြို့သို့ ယာဉ်မောင်း ဦးခင်မောင်ဝင်း(၄၇)နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ဘိုဘို (၁၉) နှစ်လိုက်ပါလာသော 1C/—–၊ မြင့်မြတ်သူ အပြာရောင်မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အောက် တူးဘောက်စ်အတွင်းမှ ဆာလာအိတ်အဖြူဖြင့်ထည့်ထားသော အဝါရောင်တိတ်ဖြင့် ပတ်ထားသည့် အထုပ်များတွေ့ရှိသဖြင့် ယာဉ်အား မိုးကောင်းမြို့မရဲစခန်းသို့ မောင်းနှင်ပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်လိုက်ပါလာသော မဂူလူမီး ၅ဝ နှစ်၊ ဒ်ါစန်းစန်းအေး ၅၃ နှစ်၊ ဒေါ်ကျော့ကျော့ခိုင်(၄၀)နှစ်တို့ ပိုင်ဆိုင်သော တရားမ၀င်သယ်ဆောင်လာသည့် ပယင်းအရိုင်းထုပ် (၁၇) ထုပ် စုစုပေါင်းအလေးချိန်(၁၂)ပိဿာနှင့် ရောင်စုံပယင်းခေါင်းအုံး (၁၂) ခု၊ စုစုပေါင်းအလေးချိန် ၁ပိဿာ ၂၀ကျပ်သားခန့်တို့ကို တွေ့ရှိသိမ်းဆည်းရမိသည်။



ချိုမောင်

——————————-

တနိုင်းမှ မြစ်ကြီးနားသွား ခရီးသည်တင် မော်တော်ယာဉ်တစ်စီးပေါ်မှ ပယင်းကျောက်များ ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ မတ်-၁၅

မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တနိုင်းမှ မြစ်ကြီးနားသွား ခရီးသည်တင် မှန်လုံမော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ပယင်းအထုပ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သျှားထက်အောင်သည် တာဝန်ကျတပ်ဖွဲ့ဝင်များ၊ ခမရ (၃၈၁) မှ ဗိုလ်ကြီးစိုးမိုး ဦးစီး တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မတ်လ ၁၅ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲ အချိန်ခန့်တွင် မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် တနိုင်းမြို့မှ မြစ်ကြီးနားမြို့သို့ ယာဉ်မောင်း ဦးခင်မောင်ဝင်း(၄၇)နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ဘိုဘို (၁၉) နှစ်လိုက်ပါလာသော 1C/—–၊ မြင့်မြတ်သူ အပြာရောင်မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အောက် တူးဘောက်စ်အတွင်းမှ ဆာလာအိတ်အဖြူဖြင့်ထည့်ထားသော အဝါရောင်တိတ်ဖြင့် ပတ်ထားသည့် အထုပ်များတွေ့ရှိသဖြင့် ယာဉ်အား မိုးကောင်းမြို့မရဲစခန်းသို့မောင်းနှင်ပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်လိုက်ပါလာသော မဂူလူမီး ၅ဝ နှစ်၊ ဒါ်စန်းစန်းအေး ၅၃ နှစ်၊ ဒေါ်ကျော့ကျော့ခိုင်(၄၀)နှစ်တို့ ပိုင်ဆိုင်သော တရားမဝင်သယ်ဆောင်လာသည့် ပယင်းအရိုင်းထုပ် (၁၇) ထုပ် စုစုပေါင်းအလေးချိန်(၁၂)ပိဿာနှင့် ရောင်စုံပယင်းခေါင်းအုံး (၁၂) ခု၊ စုစုပေါင်းအလေးချိန် ၁ပိဿာ ၂၀ကျပ်သားခန့်တို့ကို တွေ့ရှိသိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပယင်းကျောက်များအား တရားမဝင်သယ်ဆောင်လာသူများနှင့် သယ်ဆောင်ပေးသူများဖြစ်သည့် ယာဉ်မောင်း ဦးခင်မောင်ဝင်း၊ ယာဉ်နောက်လိုက် ဘိုဘိုတို့အား မိုးကောင်းမြို့မရဲစခန်းမှ (ပ)၂၇/၂၀၁၉ ၊ ကျောက်မျက်-၅၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။