Trending Now

ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အမေရိကန် ကြေညာ

Spread the love

ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အမေရိကန် ကြေညာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၄

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ ထိုင်ခုံနေရာ ၁၂၅ နေရာရှိတဲ့အနက် ၁၂၀ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်က ကမ္ဘောဒီးယားအစိုးရဟာ အတိုက်အခံတွေကို တင်းတင်ကျပ်ကျပ် ချုပ်ကိုင်ထားတာကြောင့် လွတ်လွပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲလို့ ခေါ်ဆိုခဲ့ပြီး အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က အကြီးဆုံးသားဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး လွဲအပ်သွားမယ်လို့ ကြေညာခဲ့ပြီး ဟွန်မာနက် စတင်တာဝန်ထမ်းဆောင်မယ့်နေ့ကို အတိအကျ ပြောဆိုခဲ့ခြင်းမရှိပေမယ့် လာမယ့်လ အစောပိုင်းမှာဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဟွန်မာနက်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နာကနေ ” ကမ္ဘောဒီးယားပြည်သူတွေက သူတို့ရဲ့ ဆန္ဒတွေကို မဲပေးမှုနဲ့ ရှင်းရှင်းလင်းဖော်ပြခဲ့ကြောင်း၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ ကိုချစ်မြတ်နိုးမှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ” ပြောဆိုခဲ့ပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။