Trending Now

မြစ်ကြီးနားမြို့ပေါ်တွင် အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူသူ ၇ ဦး ဖမ်းဆီးအရေးယူထား

Spread the love

မြစ်ကြီးနားမြို့ပေါ်တွင် အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူသူ ၇ ဦး ဖမ်းဆီးအရေးယူထား

EPN
မြစ်ကြီးနား၊ ဧပြီ ၃ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရှိ ရပ်ကွက်များတွင် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လိုက်လံခိုးနေသူ ၇ ဦးကို ပလနနယ်မြေခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ စီတာပူ၊ ရွှေစက်၊ မန်ခိန်၊ တပ်ကုန်း၊ ပလန စသည့် ရပ်ကွက်များတွင် အများပြည်သူများ၏ နေအိမ်မှ ဆိုင်ကယ်များကို အုပ်စုဖွဲ့၍ လိုက်လံခိုးနေသူ အမျိုးသား ၇ ဦးကို ပလန နယ်မြေခံ ရဲတပ်ဖွဲ့မှ သတင်းများအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

” ဆိုင်ကယ်လိုက်လံခိုးနေသူ အမျိုးသား (၇)ဦးကို ကင်းပုန်းစောင့်ပြီး ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသား (၄) ဦး တစ်ဖွဲ့၊ (၃)ဦးတစ်ဖွဲ့ကို ဖေဖော်ဝါ ၂၉ရက်နေ့နဲ့ ဧပြီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဆိုင်ကယ်သူခိုးများကို မြေပြင်သတင်းများအရ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းမကြီး မန်ခိန်ရွေစက် ‌ရပ်ကွက်ဈေးအနီးတွင် နံနက် ၄ နာရီ အချိန်ခန့်တွင် အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ယင်းဆိုင်ကယ် သူခိုး (၇) ဦးထံမှ ဆိုင်ကယ် စုစုပေါင်း (၁၂) စီး ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်သူခိုး (၇) ဦးမှ ၎င်းတို့ ခိုးယူခဲ့သည့် နေရာ၊ နေအိမ်များကို လိုက်လံပြသခဲ့ပြီး၊ ခိုးယူရရှိခဲ့သည့် ဆိုင်ကယ်များကို ပြန်လည်ရောင်းချခဲ့၍ ဆိုင်ကယ်များကို လိုက်လံသိမ်းဆည်းခြင်းများပြုလုပ်ကာ ဆိုင်ကယ်ပျောက်ဆုံးသူ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ ရပ်ကွက်များမှ ဆိုင်ကယ်များကို အုပ်စုဖွဲ့ လိုက်လံခိုးသူ (၇) ဦးအား ပလန နယ်မြေပိုင် ရဲစခန်းမှ ခိုးမှုဥပဒေအရ လည်းကောင်း၊ လက်နက်ကိုင်ဆောင်မှု ဉပဒေအရ လည်းကောင်း အသီးသီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။