Trending Now

နာဂဒေသကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံး၌ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတိပြု

Spread the love

နာဂဒေသကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံး၌ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတိပြု

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နာဂဒေသကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံး၌ ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုလိုက်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းရန်အတွက် နာဂဒေသတွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံထားသည်။

ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များ၏ လမ်းပန်းဆက် သွယ်ရေးသည် ယခင်ကထက် ပိုမိုကောင်းမွန်ပြီး မြို့ရွာများဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုဂုဏ်ပြုကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ အစိုးရအနေဖြင့် နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် နာဂတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှု ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။