Trending Now

တောင်ကြီး မြို့ရှောင်လမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ၎င်း၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ လုယက်ခံရ

Spread the love

တောင်ကြီး မြို့ရှောင်လမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ၎င်း၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ လုယက်ခံရ

EPN
တောင်ကြီး၊ မတ် ၁

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ မြို့ရှောင်လမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ၎င်းစီးနင်းသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို အမျိုးသားတစ်စုမှ လုယက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ကျောက်ကဆျားရွာမှ ဇနီးမောင်နှံနှစ်ဦးမှာ တောင်ကြီးမြို့တောင်ဘက် မြို့ရှောင်လမ်းဘက်သို့ မောင်းနှင်လာပြီး ၎င်းတို့မှာ လမ်းဘေး၌အပေါ့သွား စဉ်အတွင်း မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုးသား ၃ ဦးမှာ ဇနီးမောင်နှံနှစ်ဦး၏ မော်တော် ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်တို့လုယက်သွားပြီး အမျိုးသားကိုလည်း ဓားဖြင့်ထိုးခဲ့သည်ဟု သိရသည်။

ထိုမြို့ရှောင်လမ်းမှာ အသွားအလာနည်းသည့် နေရာဖြစ်ပြီး ထိုအချိန်တွင် လမ်းသွားပြည်သူတစ်ဦးမှ မြင်သောကြောင့် ရှမ်းတောင်ကြက်ခြေနီအသင်းသို့ ဖုန်းဆက်အကူညီတောင်းခဲ့သဖြင့် သွားရောက်ကူညီခဲ့သည်ဟု သိရသည်။

ဓားထိုးခံသည့် အမျိုးသားကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ ရှမ်းတောင်ကြက်ခြေနီအသင်းမှ အသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။