Trending Now

မြစ်ကြီးနား မြို့ပေါ် ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ ရှေ့တွင် ကျောင်းတက်၊ ကျောင်းဆင်း အချိန် တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရန် ဆောင်ရွက်ပေးသင့်ဟုဆို

Spread the love

မြစ်ကြီးနား မြို့ပေါ် ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ ရှေ့တွင် ကျောင်းတက်၊ ကျောင်းဆင်း အချိန် တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရန် ဆောင်ရွက်ပေးသင့်ဟုဆို

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

မြစ်ကြီးနားမြို့ပေါ် ရှိ မိန်းလမ်းမကြီးတို့ တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်း ကျောင်းများ ရှေ့တွင်ကျောင်းတက်၊ ကျောင်းဆင်း အချိန်တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသား မိဘများက ဆိုသည်။

ဇွန်လ ၁ရက်နေ့ က စတင်ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်းကျောင်းတို့၏ လမ်းဆုံ လမ်းခွရှိ မီးပွိုင့်များ၊ လျှပ်စစ်မီး ပြတ်တောက်နေချိန်များတွင် မီးပွိုင့်များ အလုပ်မလုပ်ခြင်းတို့ကြောင့် ယာဉ်ကြောများ ပိတ်ဆို့မှုများ ရှိနေပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ယာဉ်တိုက်မှု မရှိစေရန် တာဝန်ရှိသူများ ချထားပေးစေလိုကြောင်း ကျောင်းသား မိဘများက ဆိုသည်။

” ကျောင်းတွေ အားလုံးမှာ ကျောင်းသား၊ကျောင်းသူတွေ အကုန်နီးပါး ကျောင်းတက်နေကြပြီ။ ကျောင်းဆင်းချိန်၊ကျောင်းတက်ချိန်တွေမှာ ယာဉ်ထိန်း‌ရဲတွေ လမ်းကျော ရှင်းဖို့ လုပ်ဆောင်ပေးတာ သိပ့်မတွေ့ရဘူး။ မီးပွိုင့်တွေကလည်း မီးပြတ်လို့ အလုပ်မလုပ်ဘူး။ အဲ့ဒါကြောင့် ယာဉ်ထိန်းရဲတွေကို ကျောင်းဆင်း၊ ကျောင်းတက်အချိန် ချထားပေးဖို့ လိုတယ် ” ဟု မြစ်ကြီးနားမြို့ခံ ကျောင်းသားမိဘ တစ်ဦးက သုံးသပ်ပြောသည်။

နိုင်ငံရေး အခြေအနေကြောင့် ပြီးခဲ့သည့် နှစ်များက ကျောင်းသား၊ ကျောင်းသူ တက်ရောက္မှု နည်းပါမှု ရှိသော်လည်း လက်ရှိအချိန်တွင် အခြားအခြားသော မြို့နယ် ကျေးရွာများကအစ နည်းစပ်ရာ ‌တိုင်းဒေသကြီးတို့တွင် ပြောင်းရွေ့ ကျောင်းထားလာမှုများ ရှိနေကြောင်း သိရသည်။

ယင်းကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ လူသွား၊ လူလာ များသည့် ကျောင်းများတွင် တာဝန်ရှိသူများမှ ကျောင်းဖွင့်သည့် နေ့ရက်တို့တွင် ယာဉ်ကြီးကြပ်ရေး အခန်းကဏ္ဍအား အစဉ်မပြတ် ဆောင်ရွက်ပေးစေလိုကြောင်း မြို့ခံကျောင်းသားမိဘ များက လိုလားနေကြသည်။

ယခင် ခေတ်ကာလများက ပြုလုပ်ခဲ့သည့် ကျောင်းတက်၊ ကျောင်းဆင်း အချိန်တွင် ယာဉ်ကြီးများအား ကျောင်းရှေ့ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းစင်ရေးအတွက် မြို့ပေါ်ရှိ လမ်းဆုံ ၊ လမ်းခွတို့ ၌ တပ်ဆင်ထားသည့် မီးပွိုင့်များလည်း ပုံမှန် ကောင်းမွန်စေရန် ပြုပြင်ပေးရန် လိုအပ်မှု ရှိနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။