Trending Now

ရုရှား စွပ်စွဲထားတဲ့ ညစ်ညမ်းဗုံးကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းကို စစ်ဆေးမှုတွေ စတင်

Spread the love

ရုရှား စွပ်စွဲထားတဲ့ ညစ်ညမ်းဗုံးကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းကို စစ်ဆေးမှုတွေ စတင်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

နျူကလီးယားဒြပ်ပစ္စည်းတွေ ပျံ့နှံ့သွားစေဖို့ ရည်ရွယ်တဲ့ ညစ်ညမ်းတဲ့ဗုံးတွေထုတ်လုပ်မှုမှာ ပါဝင်နေတယ်လို့ ရုရှားက စွပ်စွဲထားတဲ့ ယူကရိန်းကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) စတင်စစ်ဆေးနေပြီလို့ IAEA အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ညွှန်ကြားရေးမှူးချုပ် Rafael Grossi က တနင်္လာနေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အေဂျင်စီရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သက်သေထူရေး လုပ်ဆောင်ချက်တွေကို ယူကရိန်းရဲ့ တောင်းဆိုချက်နဲ့အညီ ၂ နေရာမှာ စတင်ခဲ့ပြီလို့ ဆိုထားပါတယ်။

သူက စုံစမ်းစစ်ဆေးမှုတွေဟာ မကြာမီ ပြီးစီးမှာဖြစ်တယ် ဆိုတာနဲ့ ကနဦးသုံးသပ်ချက်တွေကို အခုသီတင်းပတ် နှောင်းပိုင်းမှာ ထုတ်ပြန်ဖွယ်ရာရှိတယ်လို့ ပြောပါတယ်။

IAEA စုံစမ်းစစ်ဆေးရေးမှူးတွေဟာ အဲဒီနှစ်နေရာကို ပုံမှန်သွားရောက်နေခဲ့ပြီး လွန်ခဲ့တဲ့ တစ်လအတွင်းက စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် နျူကလီးယားနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ၊ ပစ္စည်းတွေ ကို မတွေ့ခဲ့ရဘူးလို့ IAEA က ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။