Trending Now

အိန္ဒိယ နဲ့ ပါကစ္စတန် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ သေဆုံး

Spread the love

အိန္ဒိယ နဲ့ ပါကစ္စတန် ပစ်ခတ်မှုဖြစ်ပွားသဖြင့်  ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ သေဆုံး

EPN
နိုင်ငံတကာ၊ ဧပြီ ၂

အိန္ဒိယ တပ်ဖွဲ့ တွေ နဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ ကြား ပြီးခဲ့တဲ့ရက်ပိုင်းက အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ FOX News  သတင်းကဖော်ပြထားပါတယ်။

အငြင်းပွားမှုတွေရှိနေတဲ့ ကက်ရှ်မီးယားပြည်နယ် အတွင်းရှိ  ပါကစ္စတန် စစ်စခန်းတွေကို ပစ်မှတ်ထားပြီး အိန္ဒိယဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် တပ်ဖွဲ့ဝင် သုံးဦး နဲ့ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်  အစိုးရတာဝန်ရှိသူတွေကဆိုပါတယ်။

ကက်ရှ်မီးယားဒေသရှိ နယ်စပ်မြို့ဖြစ်တဲ့ ရက်ချာကရီ မြို့မှာ ယမန်နေ့က အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး  ပါကစ္စတန် တပ်ဖွဲ့တွေက အိန္ဒိယ တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယ ဘက်က တိုက်ခိုက်မှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ နဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး၊ အိန္ဒိ ယနဲ့ ပါကစ္စတန်တို့ ဟာ ကက်ရှ်မီးယားဒေသမှာ မကြာခဏ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး  ပြီးခဲ့တဲ့လအတွင်း အိန္ဒိယ တပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးစေခဲ့တဲ့ အေ သခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေပါတယ်။
အိန္ဒိယ ဟာ ကက်ရှ်မီးယားပြည်နယ်မှာ  အိန္ဒိယတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံအတွင်းရှိ  စစ်သွေးကြွတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို ပါကစ္စတန်ကလည်း အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချခဲ့ပါတယ်။
———————————————–

အိန်ဒိယ နဲ့ ပါကစ်စတနျ ပဈခတျမှုဖွဈပှားသဖွင့ျ  ပါကစ်စတနျတပျဖှဲ့ဝငျတှေ သဆေုံး

EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။