Trending Now

မြစ်ကြီးနားမြို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁၀ စု ယနေ့ပြောင်းရွှေ့

Spread the love

မြစ်ကြီးနားမြို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁၀ စု ယနေ့ပြောင်းရွှေ့

 

EPN
မြစ်ကြီးနား၊ ဇူလိုင် ၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူဘုရားကျောင်းရှိတိုက်ပွဲရှောင်စခန်းမှ အိမ် ထောင်စု ၁၀ စုသည် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်သို့ ယနေ့ဇူလိုင်လ၄ရက်မှာ ပြောင်းရွှေ့ မည်ဖြစ်ကြောင်း ယင်းစခန်းမှ သိရသည်။

ယခု ပြောင်းရွှေ့မည့် အိမ်ထောင်စု ၁၀ စုတွင်
လူဦးရေ ၄၆ ဦးရှိကြောင်း ယင်းစခန်းတာဝန်ခံဦးတန်ဂေါင်က ပြောသည်။

ယင်းစခန်းမှ တိုက်ပွဲရှောင်ပြည်သူများပြောင်းရွှေ့ရေးအတွက် ကချင်ပြည်နယ်အစိုးရနှင့် ကချင် တိုက်ပွဲရှောင်များကူညီပေးနေသည့် (KHCC) နှင့်ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြောင်းရွှေ့ သည့် တိုက်ပွဲရှောင်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (WFP)မှ စားနပ်ရိက္ခာများကို ၆ လစာထောက်ပံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင်
အိမ်ထောင်စု၇၆စုရှိကာ လူဦးရေ၅၇၇ဦးရှိကြောင်း ယင်းစခန်းမှ သိရသည်။

ချမ်းမြေ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။