Trending Now

ပူတာအိုမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ် Mask နှင့်ဘောပင်များ ဖြန့်ဝေလှူဒါန်း

Spread the love

ပူတာအိုမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ် Mask နှင့်ဘောပင်များ ဖြန့်ဝေလှူဒါန်း

EPN
ပူတာအို၊ ဇွန် ၁၉

၂၀၂၀ ပြည့်နှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏(၇၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အနေဖြင့် Mask နှင့် ဘောပင်များဖြန့်ဝေခြင်းကို ယနေ့ နေ့ လည်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ ၂၀၂၀ ပြည့်နှစ် ဇွန်လ(၁၉)ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပူတာအို -အထကကျောင်း ဆရာ ဆရာမ သင်တန်းဖွင့်တဲ့ နေရာမှာ ကျွန်တော် အနေနဲ့ Mask အခု(၆၅၀)နဲ့ ဘောပင် အချောင်း (၆၀၀)ဖြန့်ဝေ လှူဒါန်းခွင့်ရတဲ့အတွက်ကြောင့် များစွာဝမ်းသာပါတယ်။ လှူဒါန်းရတဲ့ အကြောင်းအရင်း ကတော့ (၇၅)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းရခြင်း ဖြစ်ပါတယ် “ ဟု ပူတာအိုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေက ပြောသည်။

အဆိုပါ Mask နှင့်ဘောပင်များကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ နှင့် ပူတာအိုခရိုင်/မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြို့နယ်အဆင့် Grade-4 သင်ရိုးသစ် Face to Face သင် တန်းတက်ရောက်နေသည့် သင်တန်းသူ သင်တန်းသားများအတွက် Mask အခု(၆၅၀)နှင့်ဘောပင် အချောင်း (၆၀၀)တို့ကို ဖြန့်ဝေ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။