Trending Now

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ဝန်ထမ်း ၅ဦး ဒဏ်ရာရရှိ

Spread the love

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ဝန်ထမ်း ၅ဦး ဒဏ်ရာရရှိ

EPN
ဖားကန့်၊ဧပြီ ၈

ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်တစ်ခု၌ ယမန်နေ့ ညက ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ဝန်ထမ်း ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုမှာ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှ ကျောက်မိုင်းပေါက်ကွဲမှုဖြစ်ပြီး အနီးအနားရှိ ဝန်ထမ်း၅ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

” မနေ့ည ကကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ကျောက်မိုင်းကွဲလို့ ဝန်ထမ်း ငါးဦး ထိတယ် ဒဏ်ရာ ကမပြင်းပါဘူး ကျောက်စထိမှန်ရုံပေါ့ မိုင်းကွဲတာမဟုတ်ဖူး လက်နက်ကြီးကျတာမဟုတ်ဖူး “ဟု ၎င်းကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အရပ်ဖက် ဆေးခန်းတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်နှင့်အခြား သယံဇာတထွက်ရှိသည့် ဒေသများတွင် သဘဝသယံဇာတတူးဖော်လုပ်ကိုင်ခြင်းအား ဧပြီ ၁ရက်နေ့မှ စ၍ ဆက်လက်တူး‌ဖော်ခွင့်မပြု‌ကြောင်း ထုတ်ပြန်ထားသော်လည်း လက်ရှိမြေပြင်တွင် တူးဖော်မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။