Trending Now

ပူတာအိုမြို့နယ် ဘောလုံးကွင်းဘေးတွင် နိုင်ငံတကာ အဆင့်မီ ရာဘာပြေးလမ်းကို ကျပ်သိန်း (၉၀၀၀)နီးပါး အကုန်ကျခံကာ တည်ဆောက်သွားမည်

Spread the love

ပူတာအိုမြို့နယ် ဘောလုံးကွင်းဘေးတွင် နိုင်ငံတကာ အဆင့်မီ ရာဘာပြေးလမ်းကို ကျပ်သိန်း (၉၀၀၀)နီးပါး အကုန်ကျခံကာ တည်ဆောက်သွားမည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၁၃

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိဘောလုံးကွင်းဘေးပတ်လည်တွင် ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျပ်သိန်း ပေါင်း (၉၀၀၀)နီးပါးအသုံးပြုကာ နိုင်ငံတကာ အဆင့်မီ ရာဘာပြေးလမ်းကို တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြေးခုန်ပစ် အားသစားသမားကောင်းများ တာဝေး၊ တာတို ပြေး အားကစားသမားကောင်းများပေါ်ပေါက်လာစေရန်နှင့် တောင်တန်းဒေသ အားကစားကဏ္ဍ ဖွင့်ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

“အဓိကရည်ရွယ်တာကတော့ ပြေးခုံပစ်အားသစားသမားတွေ ၊ တာဝေး၊ တာတို ပြေး အားကစားသမား ပေါ်ထွန်းလာစေဖို့ နဲ့ တောင်းတန်းဒေသရဲ့ အားကစာ ကဏ္ဍတွေ တိုးတက်လာဖို့ ရည်ရွယ်တယ်၊ နောက်ပြီး တောင်းတန်းဒေသဆိုတော့ အဲ့လိုဒေသက အားကစားသမားတွေက မြေပြန့်မှာ ယှဉ်ပြိုင်ရင် သက်လုံပိုင်းဆိုင်ရာမှာ အလွန်းကောင်းမွန်တယ်ဆိုတဲ့ ကျန်မာရေး အသိကြောင့် အခုလို တောင်ပေါ်ဒေသမှာ နိုင်ငံတကာအဆင့်မီ ရာဘာပြေးလမ်းတည်ဆောက်ရခြင်းဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ မြို့နယ်ဘော်လုံးကွင်းပတ်လည်တွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ရာဘာပြေးလမ်းမှာ အရှည်မီတာ ၄၀၀ နှင့် အကျယ် ၃၂ ပေခန့် ရှိမှာဖြစ်ပြီး ပြေးလမ်း ၈ လမ်း ပါဝင်သွားမှာဖြစ်ကြောင်းသိရသည်။
ယင်း ပြေးလမ်းပြုလုပ်ပြီးပါက မာရသွန်၊ ပြေးခုန်ပစ်၊ တုတ်ထောက်ခုန်နည်းနှင့် သံလုံးသံပြားပစ် ပြိုင်ပွဲများအပြင် အားကစားနည်းမျိုးစုံပြိုင်ပွဲများကို ကျင်းပနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်းပြေးလမ်းကို ရွှေအိုက်ရွှေပြည်သာကုမ္ပဏီမှာ တာဝန်ယူကာ ယခုလမှ စတင်ဆောက်လုပ်နေပြီး ၆ လအတွင်း အပြီး တည်ဆောက်သွားမှာဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။