Trending Now

အိန္ဒိယတပ်မတော်မှ တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကာကွယ်ဆေး doses (၁)သိန်း ရောက်ရှိ

Spread the love

အိန္ဒိယတပ်မတော်မှ တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကာကွယ်ဆေး doses (၁)သိန်း ရောက်ရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁

အိန္ဒိယတပ်မတော်မှ တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကာကွယ်ဆေး doses (၁)သိန်းသည် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံ ရယူခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ(၁၀)ယောက်အထိ ထိုးနိုင်ပြီးလူဦးရေ doses (၁)သိန်းအတွက်ဖြစ်ပြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်(စတိုခွဲ)သို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၀လုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။