Trending Now

ကင်ညာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် အစာအငတ်ခံပြီ သေဆုံးသူ ၃၀၀ ကျော်အထိရှိလာ

Spread the love

ကင်ညာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် အစာအငတ်ခံပြီ သေဆုံးသူ ၃၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ကင်ညာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် အစာအငတ်ခံပြီး သေဆုံးခဲ့တဲ့ လူပေါင်း ၃၀၀ ကျော်အထိရှိလာကြောင်း ရိုက်တာသတင်းဌာနက ဇွန်လ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ ကမ္ဘာမပျက်မီ ကောင်းကင်ဘုံကို သွားနိင်ဖို့အတွက် မိသားစုတွေနဲ့ ကလေးငယ်တွေ အစာအငတ်ခံကာ အသေခံရမယ်လို့ သတ်မှတ်ထားတဲ့ ပေါလ်မကန်ဇီ ဆိုသူ ဦးဆောင်တဲ့ Good News International Church အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းက ရှကိုလာ သစ်တောထဲမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းကို ဇွန်လ ၁၃ ရက်နေ့က ရှာဖွေတွေ့ရှိပြီးနောက် သေဆုံးသူ စုစုပေါင်း ၃၀၃ ဦးရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူပေါင်း ၆၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူ ရာဟိုဒါအိုညာချာက ပြောဆိုထားပါတယ်။

ဇွန်လ ၆ ရက်က ဇွန်လ ၁၀ ရက်ကြားမှာ ကယ်တင်နိုင်ခဲ့တဲ့ နောက်လိုက် ၆၅ ဦးခန့်မှာလည်း စားသောက်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် ကိုယ့်ကိုကို သတ်သေရန်ကြိုးပမ်းမှုနဲ့ တနင်္လာနေ့က စွဲချက်တင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ပေါလ်မကန်ဇီ ရဲ့ နောက်လိုက်အချို့ဟာလည်း အစာစားဖို့ ငြင်းဆန်နေကြဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ကင်ဒီကီက ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီအထဲက တစ်ယောက်က သေဆုံးသွားတယ်လို့ ပြောပါတယ်။

ပေါလ်မကန်ဇီက ဧပြီလမှာ သူ့ကိုယ်သူ ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခဲ့ပါတယ်။ မကန်ဇီဟာ ယခုနှစ်အစောပိုင်းကလည်း ကလေးနှစ်ဦးကို အစာအငတ်ခံကာ သတ်သေခိုင်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်သွားခဲ့ပြီးပါသေးတယ်။

သူ့ရဲ့နောက်လိုက်တွေပြောဆိုချက်အရ သူဟာ တောထဲကိုပြန်လာပြီး သူဟောကိန်းထုတ်ခဲ့တဲ့ ကမ္ဘာ့အဆုံးသတ်ရက်ကို ယခုနှစ်သြဂုတ်လကနေ နောက်နှစ်ဧပြီလ ၁၅ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။