Trending Now

အင်းတော်ကြီးဒေသတွင် COVID-19 ကပ်ရောဂါကာလ၌ ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဆောင်ရွက်နေ

Spread the love

အင်းတော်ကြီးဒေသတွင် COVID-19 ကပ်ရောဂါကာလ၌ ဆေးဖျန်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဆောင်ရွက်နေ

EPN
အင်းတော်ကြီး၊ မေ ၁၃

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အင်းတော်ကြီးမြို့( လုံးတုံ ) ဓမ္မပါလကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် COVID-19 ကာကွယ်ဆေးဖျန်းခြင်းတို့ကို ရှေ့တန်းအမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း ဦးစီး၍ ယနေ့ မေလ ၁၃ ရက် နံနက် ၉ နာရီအချိန်မှာ သွားရောက်လှူဒါန်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

“COVID-19 ကာလအတွင်း ဒေသအတွင်းရှိ ကာကွယ်ဆေးဖျန်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ ဆရာတော် ရဟန်းသာမဏေများကို လှုဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဆေးဖျန်းခြင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လျက်၍ု ဆောင်ရွက်ပေးနေတယ်”ဟု အမှတ် (၁၁) ခြေမြန်တပ်ရင်း ဗိုလ်ကြီး ဝေယံကျော်က ပြောသည်။

မေလ ၁၀ ရက်နေ့က နန့်မွန်းမြို့ တိုက်နယ်ဆေးရုံရှိ လူနာများနှင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက်နှင့် နန့်မွန်းမြို့ သီရီမင်္ဂလာ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတို့တွင် သွားရောက်လှူဒါန်းခြင်း၊ မေလ ၁၁ ရက်နေ့က မိုင်းနောင်ကျေးရွာ ဗောဓိရွှေကျောင်းတိုက် နှင့် ယနေ့ မေလ ၁၃ ရက်နေ့တွင်လည်း အင်းတော်ကြီးမြို့ လုံးတုံ ဓမ္မပါလကျောင်းအတွင်း COVID-19 ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း၊ ဆရာတော် သံဃာတော် သာမဏေများအား Mask များလှူဒါန်းခြင်း၊ အင်အားပြည့် ဗီတာမင် C အာဟာရအစားများ လှူဒါန်းပေးခြင်း၊ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ ကုဋီနှင့် ကျာင်းဆောင်များအား ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နောက်နေ့များတွင်လည်း အင်းတော်ကြီးဒေသရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ ရုံးဌာနဆိုင်ရာများနှင့် ဘာသာရေးအဆောက်ဦးများတို့တွင်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပြုလုပ်သွားမည် ဟုသိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။