Trending Now

ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် လူငယ် ၄ ဦး အလုပ်ကြမ်းနှင့် ထောင် ၁၀ နှစ်စီချမှတ်ခံရ

Spread the love

ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် လူငယ် ၄ ဦး အလုပ်ကြမ်းနှင့် ထောင် ၁၀ နှစ်စီချမှတ်ခံရ

EPN
နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်း ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ်တွင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသည့် လူငယ် ၄ ဦးကို အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးထံ မှသိရသည်။

ထောင်ဒဏ် ၁၀ စီချမှတ်ခံရသည့်လူငယ် ၄ ဦးသည် ၂၀၂၁ခုနှစ်ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရသည့် မောင်လတ်မြတ်သာ ၊ မမေဆုလျှံဝင်း၊ မောင်နိုင်းနိုင်း ၊မောင်ဟိန်းသက်နိုင်တို့ ၄ ဦးဖြစ်ပြီး ၎င်းတို့ကို မအူပင်ခရိုင် ၊ တရားရုံးက နိုဝင်ဘာ ၁၃ ရက်က အကြမ်းဖက်မှု ဥပဒေ ပုဒ်မဖြင့် အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်မှုမှာ ပြစ်မှု ဖြစ်စဉ်နှင့် စွဲဆိုသည့် ပြစ်မှုဆိုင်ရာ ပုဒ်မလွဲချော်နေ ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောဆိုသည်။

“အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေပါပြဌာန်းချက် အတိုင်း အမိန့်ချတာတဲ့ ၊ ရုံးတော်မှာလည်း တစ်ခါမှ အကြမ်းဖက်တာနဲ့ ပါတ်သက်ပြီး ခိုင်မာတဲ့ ပစ္စည်း သက်သေ လူသက်သေ တင်ပြနိုင်တာမရှိခဲ့ဘူး ၊ လူငယ် လေးဦးကို ဖမ်းတုန်းက ဆန္ဒပြလို့ဖမ်းတာ ၊ အမှုဖွင့်တော့ အကြမ်းဖက်မှုနဲ့ အမှုဖွင့်တာ အမိန့်ချတာ တွေက တလွဲစီ ဖြစ်နေတယ် ၊ဖမ်းတာတရားစွဲတာမှာ လုပ်ထုံးလုပ်နည်းတွေက ဥပဒေနဲ့ မညီညွှတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

ညောင်တုန်းမြို့နယ်တွင် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၃ ရက်အထိ ဆန္ဒထုတ်ဖော် သည့်အတွက် အဖမ်းခံရသူ ၄ ဦးသည် ထောင်ဒဏ်ချမှတ် ခံရသည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆန္ဒထုတ်ဖော် ပွဲများတွင်ပါဝင်ဆန္ဒထုတ်ဖော်သည့်အတွက်ဖမ်းဆီးခံထားရသူဦးရေ ၁၀၀ ကျော်အထိရှိကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။