Trending Now

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ကျူးကျော်စျေးဆိုင်တန်းများကို ဖယ်ရှား

Spread the love

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ကျူးကျော်စျေးဆိုင်တန်းများကို ဖယ်ရှား

EPN
ရန်ကုန်၊ ဧပြီ ၄ (၂၀၂၄)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျူးကျော်စျေးဆိုင်တန်းများကို ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်း၍ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်စျေးဆိုင်တန်းများနှင့် ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသားဖော်ပြနေမှုကြောင့် စေတီတော် တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရာ ယင်းစျေးဆိုင်တန်းများသည် စေတီတော်ဝတ္ထုကံမြေ နယ်နိမိတ်တွင်ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်း၍ တာဝန်ရှိသူများက မတ်လ ၁၅ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ စေတီတော်အရှေ့ဘက်မုခ်ရှိ ကျးကျော်စျေးဆိုင်တန်းများအား ဖယ်ရှားရှင်း လင်းခဲ့ကြောင်း သိရသည်။

အလားတူ စေတီတော်အရှေ့ဘက်မုခ်အဆင်းလမ်းရှိ အများသုံးသန့်စင်ခန်းမှာ ဗဟန်းဈေး၏ အများသုံးသန့်စင်ခန်းဖြစ်ပြီး၊ ဗဟန်းမြို့နယ်စည်ပင်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

၎င်းအပြင် ရွှေတိဂုံစေတီတော်ဝတ္ထုကံမြေအတွင်းရှိ အများသုံးသန့်စင်ခန်းများကို စနစ်တကျ တည်ဆောက်၍ သန့်ရှင်းရေးဝန်ထမ်းများ ခန့်ထားကာ သန့်ရှင်းရေး လုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။