Trending Now

မြန်မာနိုင်ငံတွင် နှစ်ပါတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးသောင်းနီးပါရှိလာ

Spread the love

မြန်မာနိုင်ငံတွင် နှစ်ပါတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးသောင်းနီးပါရှိလာ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် နှစ်ပါတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးသောင်းနီးပါရှိလာ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ သိရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ မှ စတင်ပြီး ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာပြီးနောက် နှစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ ၂၉၀၁၀ ဦးအထိရှိလာပြီးနောက် သေဆုံးသူ အရေအတွက်မှာလည်း ၂၈ ဦးအထိရှိလာခဲ့သည်။

ယင်းအနက် ကိုဗစ်ရောဂါပိုးကူးစက်မှု အများဆုံးတိုင်းဒေသများ မှာ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော တရားဝင် ကိန်းဂဏန်းများထက် မြေပြင်တွင် ရောဂါပိုးကူးစက်ခံရသူ ပိုမိုများပြားနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

“လက်ရှိမြေပြင်မှာက ပိုများနိုင်တယ် တစ်ချို့က ရောဂါလက္ခဏာ ပြလာတာနဲ့ test kit ဝယ်ပီး ကိုယ့်အိမ်မှာ ကိုယ်စစ်ပြီးတော့ ကြိတ်ကုနေကြတာ အခုရက်ပိုင်းဆို ကျွန်တော်တို့မြို့မှာ ကိုဗစ် စစ်တဲ့ test kit တောင် တစ်ချို့ဆိုင်တွေမှာ ကုန်နေပီ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး အတည်ပြုလူနာ ၇၂ ဦးကို ဇန်နဝါရီ ၂၄ ရက်နေ့က စတင် တွေ့ရှိပြီးနောက် ယင်းသို့ ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကို အချိန်နဲ့ တစ်ပြေးညီ ရှာဖွေဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ပေါ်ထွန်း‌အောင် ဆောင်ရွက်ကြရန် ပြောဆိုထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။