Trending Now

မြစ်ကြီးနားမြို့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီရည်ညွှန်းဈေး တစ်လီတာလျှင် ၂၀၀၀ အောက်ကျဆင်းလာသော်လည်း ရည်ညွန်းဈေးအတိုင်း ရောင်းချသည့်ဆိုင် မရှိသလောက်ဖြစ်နေ

Spread the love

မြစ်ကြီးနားမြို့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီရည်ညွှန်းဈေး တစ်လီတာလျှင် ၂၀၀၀ အောက်ကျဆင်းလာသော်လည်း ရည်ညွန်းဈေးအတိုင်း ရောင်းချသည့်ဆိုင် မရှိသလောက်ဖြစ်နေ

EPN

မြစ်ကြီးနား ၊ ဒီဇင်ဘာ ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၉၅၅ ကျပ်အထိကျဆင်းလာသော်လည်း မြို့တွင်းပန့်ဆိုင်အများစုမှာ ၂၂၀၀ မှ ၂၃၀၀ ကျော်အထိ ရောင်းချလျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံများထံမှ သိရသည်။

ပြည်နယ်နှင့်တိုင်းများအတွက် စက်သုံးဆီဈေးနှုန်းများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေပြီး ဒီဇင်ဘာ ၉ ရက်နေ့အတွက် စက်သုံးဆီ ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၉၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၅၀ ကျပ်အဖြစ် သတ်မှတ်ထားသော်လည်း ရည်ညွှန်းဈေးအတိုင်း ရောင်းချသည့် အရောင်းဆိုင် မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“ကချင်ပြည်နယ်အတွက် ဆီဈေးသတ်မှတ်ထားတာဆိုရင် မနေ့ကတည်းက ဈေးက နှစ်ထောင်အောက်ကျနေပြီ၊အခုဆိုနှစ်ရက်‌တောင်ရှိနေပြီ ဒါလည်းအခုထိပန့်ဆိုင်တွေက ၂၂၀၀ ကျပ်တစ်ချို့ဆိုင်ဆို အဲ့ထက်ပိုပြီးရောင်းနေကြတုန်းပဲ၊ ရည်ညွန်းဈေးနှုန်းအတိုင်း ရောင်းချပေးရင်တော့ ပြည်သူတွေအတွက်ပိုပြီးဆင်ပြေမှာပေါ့”ဟု၎င်းကပြောသည်။

စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ရောင်းချမှု ရပ်တန့်ထားခြင်း အပါအဝင် အကန့်အသတ်ဖြင့် ရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သြဂုတ်လ ၁၆ ရက်နေ့က အသိပေးထုတ်ပြန်ထားသော်လည်း ရည်ညွှန်းဈေးထက် ဈေးမြှင့်ကာ ရောင်းချခြင်း ၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။