Trending Now

NUG နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တီမောသံအမတ်ကို မြန်မာနိုင်ငံအတွင်းက နှင်ထုတ်

Spread the love

NUG နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တီမောသံအမတ်ကို မြန်မာနိုင်ငံအတွင်းက နှင်ထုတ်

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၈

NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တဲ့ တီမောအစိုးရကို လက်တုံ့ပြန်တဲ့အနေနဲ့ တီမောလက်စ်တေသံရုံး သံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံအတွင်းကနေ စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ ထွက်ခွာသွားဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက တီမောအစိုးရကို အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက မြန်မာ−တီမော နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ အကြမ်းဖက်အားပေး NUG နဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ကို အကြမ်းဖက်အုပ်စုတွေအဖြစ် ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပြီးကြောင်း တီမောနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တီမောအစိုးရက အသိပေးချက်တွေကို လျစ်လျူရှုပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ရုံသာမက အကြမ်းဖက်ဆောင်ရွက်မှုတွေပိုမိုလုပ်ဆောင်ဖို့ အားပေးနေတဲ့အတွက် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ မကိုက်ညီတဲ့ တီမောအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ကေက

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။