Trending Now

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်ရှိ မီးမရရှိသေးသောကျေးရွာအတွက် ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းအား လွှဲပြောင်းပေးအပ်

Spread the love

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်ရှိ မီးမရရှိသေးသောကျေးရွာအတွက် ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းအား လွှဲပြောင်းပေးအပ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်ရှိ မီးမရရှိသေးသော ကျေးရွာဖြစ်သည့် ရစ်ဂျော်ကျေးရွာအတွက် ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းအား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံရှိ State Power Investment Corporation Co., LTD (SPIC) တို့ ပူးပေါင်းလှူဒါန်း တည်ဆောက်သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းကို လေးလနီးပါး အောင်မြင်စွာ စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီးနောက် တရားဝင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချီဖွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကြီးမှူး၍ အဆိုပါကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရစ်ဂျောကျေးရွာသည် ကချင်ပြည်နယ်အတွင်းတွင် Off-grid ground-type အမျိုးအစား ဆိုလာပါဝါ လျှပ်စစ်အသုံးပြုမှုဆိုင်ရာ ပထမဦးဆုံး အသုံးပြုခွင့် ရရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး၊ အဆိုပါ စံပြစီမံကိန်းအား SPIC ကုမ္ပဏီမှ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ တောင်တန်းဒေသများတွင် လျှပ်စစ်မီးရရှိရန် ခက်ခဲသည့် အခြေအနေတစ်ရပ်ကို ဖြေရှင်းပေးနိုင်ခဲ့ရုံသာမက ကျေးရွာနေအိမ်ထောင်စုများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပံ့ပိုးပေးနိုင်ခဲ့သည်။

ရစ်ဂျောကျေးရွာသည် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် တည်ရှိပြီး အိမ်ထောင်စု ၁၅ စုရှိ၍ ကျေးရွာသူ၊ ကျေးရွာသား ၇၄ ဦး ရှိပြီး၊ တောင်တန်းဒေသတွင် တည်ရှိ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများနှင့် အလှမ်းကွာဝေးခြင်းကြောင့် ယနေ့အချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့် ဒေသတစ်ခုဖြစ်သည်။

” မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် လျှပ်စစ်မီးလျှင်မြန်စွာ ရရှိနိုင်မည့် ဆိုလာလျှပ်စစ်၊ လေအားလျှပ်စစ် စသည့် စွမ်းအင်သစ်များဖြင့် တည်ဆောက်အကောင်အထည် ဖော်နိုင်ရန် SPIC ကုမ္ပဏီအား အမြဲတိုက်တွန်းအားပေးလျက်ရှိပြီး၊ ပြည်သူများ၏ လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အလေးထားလုပ်ဆောင်လျက် ရှိပါတယ် ” ဟု SPIC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ တောင်တန်းဒေသရှိ မီးလင်းရန် အခက်အခဲရှိသော ကျေးရွာများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် SPIC ကုမ္ပဏီတို့သည် အလေးအနက်ထား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး၊ မီးမရရှိသေးသော ကျေးရွာများအတွက် မီးလင်းရေးစီမံကိန်းများကို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အား အကောင်အထည် ဖော်ဆောင်နိုင်ရန် ရှေးဦးစွာ ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျေားကျေးရွာတွင် ” မီးမရရှိသေးသောကျေးရွာ ” ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းကို တည်ဆောက်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပြီး မြေဧရိယာ စတုရန်းမီတာ (၅၀) ခန့်တွင် 6.6 kW (ပါဝါ) Photovoltaic modules နှင့် 12.28 kWh ဘတ္ထရီ တပ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

” မီးမရရှိသေးသောကျေးရွာ ” ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီး လည်ပတ်နိုင်ခဲ့၍ ရစ်ဂျောကျေးရွာနေ ရွာသူ၊ ရွာသားများ အနေဖြင့် အလင်းရောင်ရရှိရေးအတွက် ဖယောင်းတိုင်ဖြင့် မီးထွန်းနေရသည့် အခြေအနေမှ လွန်မြောက်နိုင်ခဲ့ပြီ ဖြစ်ပသည်။

SPIC ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဆိုလာလျှပ်စစ်၊ လေအားလျှပ်စစ်၊ နျူကလီးယားလျှပ်စစ်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးလျှပ်စစ် ဓာတ်ငွေ့သုံးလျှပ်စစ်နှင့် ဇီဝလောင်စာသုံးလျှပ်စစ်စသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော ပထမဆုံး ကုမ္ပဏီကြီးဖြစ်သည်။

၎င်းအပြင် ကမ္ဘာ့အကြီးဆုံး ဆိုလာလျှပ်စစ်၊ စွမ်းအင်သစ်နှင့် သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်ပြီး၊ SPIC သည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတောင့်တင်းသော ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းရည်များရှိကာ ကမ္ဘာလုံးဆိုင်ရာ စဥ်ဆက်မပြတ် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။