Trending Now

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း သုံးသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

Spread the love

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း သုံးသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃၁

တိုင်ဖွန်း ဒေါက်ဆူရီရဲ့ အကြွင်းအကျန်တွေဟာ ဇူလိုင်လ ၃၁ ရက်နေ့မနက်ပိုင်းက တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် လူပေါင်း ၃၁၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV ရဲ့ ဖော်ပြချက်အရ ယခုနှစ်အတွင်း ပေကျင်းမြို့မှာ အပြင်းထန်ဆုံး မိုးရွာသွန်းမှုအဖြစ် စံချိန်တင်ခဲ့ပြီး တီယန်ကျင်း၊ ဟူဘေးနဲ့ ရှန်းဇီ တို့မှာလည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အပြင်းထန်ဆုံး မုန်းတိုင်တွေထဲက တစ်ခုဖြစ်တဲ့ ဒေါက်ဆူရီကြောင့် အခု သီတင်းပတ်ကုန်က တရုတ်နိုင်ငံတောင်ပိုင်း ဖူဂျင်း ပြည်နယ်မှာ နေရာအနှံ့ ရေကြီးရေလျံမှုတွေဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။

ပျက်စီးဆုံးရှုံးမှု နဲ့ ထိခိုက်သေဆုံးမှုမရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပေမယ့် အခြားမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါင်း ၄၀၀၀ ကျော် လုပ်ငန်းရပ်ဆိုင်းခဲ့ရပြီး အဆောက်အအုံ ၂၀၀၀၀ နီးပါး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒေါက်ဆူရီမုန်တိုင်းက အားပျော့လာပြီဖြစ်ပေမယ့် နောက်မုန်တိုင်းတစ်ခုဖြစ်တဲ့ ခါနန် မုန်းတိုင်းဟာ အခုသီးတင်းပတ်အတွင်း တရုတ်နိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး ဒေါက်ဆူရီဒဏ်ခံထားရတဲ့ ပြောင်းနဲ့ အခြားသီးနှံ့တွေ ထိခိုက်ပျက်စီးစေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။