Trending Now

(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၇၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

Spread the love

(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၇၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၄

ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၇၀၁၂ ဦးအား လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း န.စ.က ထုတ်ပြန်ထားသည်။

န.စ.က ဥက္ကဌသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/သူ (၇၀၁၂)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။