Trending Now

မြစ်ကြီးနားတွင် ညမထွက်ရ အမိန့် ချိုးဖောက်သူနှစ်ဦးကို အရေးယူ

Spread the love

မြစ်ကြီးနားတွင် ညမထွက်ရ အမိန့် ချိုးဖောက်သူနှစ်ဦးကို အရေးယူ

EPN
မြစ်ကြီးနား၊ ဧပြီ ၂၁

မြစ်ကြီးနားမြို့တွင် ကိုဗစ် ၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် အစိုးရမှ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အရ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရဟု တားမြစ်ချက်ကို ချိုးဖောက်သူ ၂ ဦးကို ဧပြီ ၂၁ ရက်နေ့က အရေးယူလိုက်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြစ်ကြီးနားမြို့မြေမြင့်ရပ်ကွက် နယ်မြေ (၃ ) တွင် နေထိုင်သူ အေးနော်ထွန်းကို မြေမြင့်ရပ်ကွက် ရေတွင်းကွေ့ နေရာ၌ ဧပြီ ၂၁ ရက် နံနက် ၂နာရီခွဲ အချိန်မှာ လှည့်ကင်း ဆောင်ရွက် နေသော ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် စီတာပူရပ်ကွက် နယ်မြေ(၆) နေသူ ပြည့်စုံအောင် သည် အရက်သောက်စားခဲ့ပြီးအပြန် သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဧပြီ ၂၀ရက် ည ၁၁နာရီကျော်တွင် လှည့်ကင်းတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ညမထွက်ရ အမိန့်ကို ချိုးဖောက်ခဲ့သူများဖြစ်ကြသည့် ပြည့်စုံအောင် (၂၂နှစ်)ကို ရာကြီး ၃၈၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ အေးနော်ထွန်း (၃၄နှစ်)ကို ရာကြီး ၃၈၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း မြစ်ကြီးနားမြို့နယ် တရားရုံးမှ ဧပြီလ ၂၁ရက်နေ့တွင် တစ်ဦးကို ဒဏ်ငွေ ၅၀၀၀၀ (ငါးသောင်း)စီဖြင့် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုဗစ် ၁၉ ထိန်းချုပ်၊ ကာကွယ်တားဆီးရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၄) ခုကို ည ၁၀နာရီမှ နံနက် ၄ နာရီအထိ သွားလာခြင်းမပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။