Trending Now

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် မြန်မာနှင့် ရုရား ရင်းနှီးမြုှပ်နှံရန် ဆွေးနွေး

Spread the love

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် မြန်မာနှင့် ရုရား ရင်းနှီးမြုှပ်နှံရန် ဆွေးနွေး

EPN

မြစ်ကြီးနား ၊ ဧပြီ ၃၀

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ကမ္ဘာပေါ်တွင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ အဓိကထုတ်လုပ် တင်ပို့ရောင်းချနေသည့် ရုရှားနိုင်ငံနှင့် လည်းကောင်း၊ ရုရှားနိုင်ငံဦးဆောင်ပြီး ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် အာမေးနီးယားနိုင်ငံများက အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(Euro-Asia Economic Union) အဖွဲ့နှင့်လည်းကောင်း စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။

အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စဉ်ဆက်မပြတ် ဆွေးနွေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-ဥရောပ အာရှစီးပွားရေး ကော်မရှင် အကြား နှစ်ဖက်အစိုးရ-ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သည့် ဆွေးနွေးပွဲတွင် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် လျှပ်စစ်ကဏ္ဍဖြန့်ဖြူးရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားသည်။

မကြာမီတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထိပ်တန်းရေနံနှင့် စွမ်းအင်ကုမ္ပဏီများနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားရန် ရှိကြောင်း၊ ဒီဇယ်နှင့်ဓာတ်ဆီကို ပြည်ပကတင်သွင်းရန်လိုအပ်သည့် နိုင်ငံခြားသုံးငွေများ စနစ်တကျရောင်းချပေးနိုင်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအနေဖြင့်လည်း စိစစ်ခွင့် ပြုပေးလျက်ရှိကြောင်း၊ယခုလက်ရှိအချိန်ပြည်တွင်းတွင် ပြည်တွင်းစက်သုံးများလုံလောက်မှုမရှိဟူသော ကောလဟလသတင်းများမှာအမှန်မဟုတ်ကြောင်းနှင့် တိုင်းပြည်အတွင်းတွင် အရန်စက်သုံးဆီများအလုံအလောက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။