Trending Now

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်နက်ကိုင်လမ်းစဥ်ဖြင့် ဖော်ဆောင်ခြင်း အားမပေးကြောင်း ပူတာအိုဒေသ ရဝမ် အမျိုးသား ရပ်မိရပ်ဖများမှ သဘောထားထုတ်ပြန်

Spread the love

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်နက်ကိုင်လမ်းစဥ်ဖြင့် ဖော်ဆောင်ခြင်း အားမပေးကြောင်း ပူတာအိုဒေသ ရဝမ် အမျိုးသား ရပ်မိရပ်ဖများမှ သဘောထားထုတ်ပြန်

EPN

မြစ်ကြီးနာ၊မတ် ၆

နိုင်ငံတော်အစိုးရမှ ဦတည်ချက်အဖြစ်ထားရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ဖောင်စု နိုင်ငံတော်တည်ဆောက်ရေးကို အပြည့်အဝလိုလားပြီး၊၎င်းဦးတည်ချက်ကို လက်နက်ကိုင်လမ်းစဥ်ဖြင့် ရယူဖော်ဆောင်ရန် ကြိုးပမ်းမှုကို အားမပေးကြောင်း ပူတာအိုဒေသ ရဝမ်အမျိုးသား ရပ်မိရပ်ဖများမှ မတ်လ ၅ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

ပုတာအိုမြို့၊ဒုတ္တန်ရပ်ကွက်၊ရဝမ်အမျိုးသားဥယျာဥ်၊ခရန်ခူးခန်းမတွင် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်သော လူထုအစည်းအဝေးကြိးသို့ တက်ရောက်လာကြသည့် ပူတာအိုဒေသ ရဝမ် အမျိုးသား ရပ်မိရပ်ဖများမှ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားလုံခြုံမှုတို့ကို အဟန်းအတားပြုသည့် လုပ်ရပ်နှင့် လှုပ်ရှားမှုများကို ကာကွယ်တားဆီးရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် ပြည်သူတစ်ရပ်လုံးအား တိုက်တွန်းကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

၎င်းအပြင် နယ်မြေအသီးသီး၌ လက်ရှိဖြစ်ပေါ်နေသော မငြိမ်သက်မှုများ၊ပြည်သူတို့၏ အသက် အိုးအိမ် မလုံခြုံမှုများ ပပျောက်နိုင်ရေးကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။