Trending Now

ကာကွယ်ရေး အကြီးအကဲတွေ တွေ့ဆုံဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ် ငြင်းပယ်

Spread the love

ကာကွယ်ရေး အကြီးအကဲတွေ တွေ့ဆုံဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ် ငြင်းပယ်
 
EPN
နိုင်ငံတကာ၊ မေ ၃၁
 
 
 
အခုသီတင်းပတ်အကုန် စင်ကာပူမှာ ကျင်းပမယ့် နှစ်ပတ်လည် လုံခြုံရေးဖိုရမ်အစည်းအဝေးတစ်ခုရဲ့ ဘေးစည်းအဖြစ် နှစ်နိုင်ငံ ကာကွယ်ရေးအကြီးအကဲတွေအကြား အစည်းအဝေးကျင်းပဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ်က ငြင်းပယ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
 
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင် နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်းဖု တို့ဟာ သောကြာနေ့မှာ စတင်မယ့် ၃ ရက်ကြာ ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။
 
 
အဲဒီလို တွေ့ဆုံရေးဖိတ်ကြားမှုအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါ က တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
 
ဒီတောင်းဆိုချက်ကို ဘာဖြစ်လို့ တရုတ်က ငြင်းပယ်ခဲ့သလဲဆိုတဲ့ အသေးစိတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မဖော်ပြခဲ့ပေမဲ့ Bloomberg နဲ့ တခြားမီဒီယာသတင်းတွေမှာ တရုတ် ကာကွယ်ရေးဝန်ကြီး လီ ဟာ ရုရှားက လက်နက်တွေ ဝယ်ယူမှုနဲ့ပတ်သက်ပြီး သူ့အပေါ် အမေရိကရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
 
 
မစ္စတာ ရိုင်ဒါ က သူ့တို့ ဝန်ကြီးဌာနအနေနဲ့ “ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခဖြစ်မလာရေး အာမခံနိုင်ဖို့” အမေရိကန်နဲ့ တရုတ်အစိုးရတွေအကြား ဆက်သွယ်ရေးလိုင်းတွေ ဖွင့်ထားတာကို ထိန်းသိမ်းရမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြောင်း ပြောပါတယ်။
 
source ; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။