Trending Now

စားသုံးရန်မသင့်သော အစားအသောက် (၃၉) မျိုးကို FDA ထုတ်ပြန်

Spread the love

စားသုံးရန်မသင့်သော အစားအသောက် (၃၉) မျိုးကို FDA ထုတ်ပြန်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁‌၈

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိရသည့် အစားအသောက် (၃၉) စာရင်းကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အစားအသောက်များ၌ စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့် မပြု တာရှည်ခံ၊ ဓါတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများပါဝင်မှုနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများ အား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ကြာင့် အစားအသောက်များကိုရေရှည်စား သုံးမိပါက အစာအိတ်၊ အသည်း၊ကျောက်ကပ်များပျက်စီးနိင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထားသော အစားအသောက်များကို နောက်ထပ် ကြေငြာချက်ထုတ်ပြန်သည့်အထိ စားသုံးခြင်းမပြု ရန် အသိပေးထုတ်ပြန်ထားသည်။

အစားအသောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုး ဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝ အသုံးမပြုရန် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတု ပစ္စည်းများကို သတ်မှတ်ပမာဏ အတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။