Trending Now

အငြိမ်းစား နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို Covid-19 ကာကွယ်ဆေး ထိုးပေး

Spread the love

အငြိမ်းစား နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို Covid-19 ကာကွယ်ဆေး ထိုးပေး

EPN
ဗန်းမော်၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ခရိုင် အထွေထွေရောဂါကု ပြည်သူ့‌တေးရုံကြီး၌ ဖေဖေါ်ဝါရီ ၈  ရက်နေ့၊ နံနက် ၉နာရီခွဲက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို Covid-19 ကာကွယ် ဆေးများ ထိုးပေးလျက်ရှိကြောင်း သိရသည်။

Covid -19 တတိယအကြိမ် ဆေးထိုးပြီးသူ အငြိမ်းစား နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အေက်တိုဘာလမှ စတင်၍ လစဉ် သတ်မှတ်သည့်ရက်များ၌ ဆေးထိုးပေးလျှက်ရှိရာ ဖေဖေါ်ဝါရီ ၈ ရက်နေ့အထိ ဆေးထိုးပြီး သူ လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစား နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို ထိုးပေးသည့် Covid-19 ကာကွယ်ဆေး အမျိုးအစားမှာ Pfizer comirnaty Covid-,19 Vaccine (ဂျာမဏီ) ဆေးဖြစ်ကြောင်း သိရသည်။

Photo – ဖေဖေါ် ဝါရီ ၈ ရက် Covid -19 ကာကွယ်‌ဆေး ထိုးပေးနေစဉ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။