Trending Now

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ စေတီ(၃)ဆူမှ ဌာပနာများ ဖောက်ထွင်းခံရမှု ထပ်မံတွေ့ရှိ၊ ၂ရက်အတွင်း ဖောက်ထွင်းခံရသည့် စေတီရှစ်ဆူအထိ ရှိလာ

Spread the love

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ စေတီ(၃)ဆူမှ ဌာပနာများ ဖောက်ထွင်းခံရမှု ထပ်မံတွေ့ရှိ၊ ၂ရက်အတွင်း ဖောက်ထွင်းခံရသည့် စေတီရှစ်ဆူအထိ ရှိလာ 

EPN
ရန်ကုန်၊ ဇွန် ၉

ပုဂံရှေ့ဟောင်းဇုန်အတွင်းရှိ စေတီ(၃)ဆူမှ ဌာပနာများ ဖောက်ထွင်းခံရမှု ထပ်မံတွေ့ရှိရကြောင်း ဒေသအုပ်ချုပ် ရေးအဖွဲ့များက အတည်ပြုသည်။

အလားတူ ဇွန်(၉)ရက်၌ ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း မနက်ပိုင်းကင်းပတ်လှည့်လည်ရာတွင် စူဌာ မဏိဘုရား နှင့် ဓမ္မရံကြီးဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ(၇၅၃/၇၅၁/၇၅၁(က)) အစရှိသော ဘုရားများတွင် ဖောက်ထွင်းခံရကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဇွန်(၈)ရက်၌ ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ရွာဟောင်းကြီးဘုရားမြောက်ဖက်ဘုရားဆူများထဲမှ ဘုရား ငါးဆူလည်း အလားတူ ဖောက်ထွင်းခံရကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ များကဆိုသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။