Trending Now

ဖားကန့်မြို့နယ်၊ နန့်ယား‌ကျေးရွာအနီးတွင် ကားဆရာ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

Spread the love

ဖားကန့်မြို့နယ်၊ နန့်ယား‌ကျေးရွာအနီးတွင် ကားဆရာ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

EPN
ဖားကန့်၊ ဖေဖော်ဝါရီ ၁၂ (၂၀၂၄)

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီးတွင် ယမန်နေ့၊ မနက် ၁၀နာရီ အချိန်ခန့်က ကားဆရာတစ်ဦး လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နန့်ယားဂိတ်အနီးတွင် ကားသမားတချို့ ဖားကန့်တက်ရန် တန်းစီစစ်ဆေးခံနေသည့် အချိန်တွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့ တို့ကြား အပြန်အလှန် လက်နက်ကြီး ပစ်ခတ်ရာမှ လမ်းဘေးရပ်ထားသည့် ကားဆရာတစ်ဦးအား လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အနီးရှိ ကားဆရာတစ်ဦးက ဆိုသည်။

” မနေ့က မနက်ပိုင်းမှာ ဖားကန့်တက်ဖို့ လမ်းကြောင်းအခြေအနေ စောင့်နေကြတာ ဟုတ်တယ်။ သိပ်မကြာဘူး လက်နက်ကြီးအသံတွေ ကြားရတယ်။ KIA ဘက်ကလည်း နန့်ယားဘက်ကို လေးငါးချက် ပြန်ပစ်ရာကနေ ကားဆရာ တစ်ဦး ထိမှန်သေရတာ ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

ယမန်နေ့ မနက်၉နာရီ ၄၀မိနစ် အချိန်ခန့်၌ နန့်ယား စစ်ဆေးရေးဂိတ်အနီးတွင် ကားဆရာ ဦး‌အေးလှိုင် အသက် ၅၄နှစ်သည် လက်နက်ကြီးထိမှန်၍ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြစ်ကြီးနား- ဖားကန့် ကားလမ်းပိုင်းအား သွားလာခြင်း ယာယီပိတ်ထားပြီး၊ နန့်တိန်းကျေးရွာအနီးတွင် တပ်မတော်နှင့် KIA၊ PDFပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်း အား KIA၊ PDF ပူး‌ပေါင်းအဖွဲ့မှ ဖေဖော်ရီ ၅ ရက်နေ့၊ ညနေ ၅နာရီ အချိန်ခန့်ကစ၍ နန့်တိန်းတပ်မတော်စခန်းအား သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။