Trending Now

အိမ်စီးကားနှင့် သစ်တင်ကား မျက်နှာချင်းဆိုင် တိုက်မိ၍ အိမ်စီးကားမောင်းသူ သေဆုံး

Spread the love

အိမ်စီးကားနှင့် သစ်တင်ကား မျက်နှာချင်းဆိုင် တိုက်မိ၍ အိမ်စီးကားမောင်းသူ သေဆုံး

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ-၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်၊ နံနက်အစောပိုင်းက အိမ်စီးကားနှင့် သစ်တင်လာသည့်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း ထာဝရအလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာရှိ အမှတ် (၃)လမ်းမကြီးပေါ် အိုးအိမ်မှတ်တိုင်အနီးတွင် Crown အိမ်စီးကားနှင့် သစ်တင်လာသည့်ကားတို့ တိုက်မိခဲ့သဖြင့် အိမ်စီးကားမောင်းသူ အင်းစိန်မြို့နယ်နေ ကိုဟန်ဝင်းအောင် (၄၀)နှစ်ခန့်မှာ ကားအတွင်းညပ်ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားအတွင်းညပ်ကာ သေဆုံးနေသည့် ကိုဟန်ဝင်းအောင်၏ ရုပ်အလောင်းအား မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ထာဝရအလင်းတန်း ပရဟိတအသင်းဝင်များက သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ရုပ်အလောင်းအား ထာဝရအလင်း တန်းပရဟိတအသင်းမှ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။