Trending Now

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို လစဉ်ကြေးအဖြစ် တစ်ဦးလျှင် တစ်သောင်းကျပ် ထောက်ပံ့သွားမည်

Spread the love

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို လစဉ်ကြေးအဖြစ် တစ်ဦးလျှင် တစ်သောင်းကျပ် ထောက်ပံ့သွားမည်

EPN

မြစ်ကြီးနား ၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အတွက် တစ်ဦးလျှင် တစ်သောင်းကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး(၆/၂၀၂၂)၏အစည်းဝေးဆုံးဖြတ်ချက်အရ ၎င်းထောက်ပံ့ကြေးကိုအတည်ပြုခဲ့ခြင်းဖြစ်ကြောင့် ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ထောက်ပံ့ပေးရခြင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့များမှ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည့်အချိန် အကြမ်းဖက်မှုအမျိုးမျိုးတို့မှ ပြည်သူများအားလုံခြုံမှုရရှိစရန် ၊ပြည်သူများ၏စည်းစိမ်ဥစ္စာများကို အသက်စွန့်ကာကွယ် စောင့်ရှောက်မှုများလုပ်ဆောင်ပေးခြင်းအတွက် ထောက်ပံပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ထောက်ပံ့ငွေ တစ်သောင်းကျပ်အား လာမည့် ဩဂုတ်လမှစ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။