Trending Now

သင်္ကြန်ကာလအတွင်း မြစ်ကြီးနား -မန္တလေး – ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်လိုင်း အချို့ ရပ်နားဖွယ်ရှိ

Spread the love

သင်္ကြန်ကာလအတွင်း မြစ်ကြီးနား -မန္တလေး – ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်လိုင်း အချို့ ရပ်နားဖွယ်ရှိ

EPN
မြစ်ကြီးနား၊ မတ်လ ၂၅

လာမည့် ဧပြီအတွင်း ကျရောက်မည် မဟာသင်္ကြန်ကာလအတွင်း၌ မြစ်ကြီးနားမှ မန္တလေး၊ ရန်ကုန် အစရှိသည့် တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ ရပ်နားဖွယ်ရှိကြောင်း ကချင်ပြည်နယ် ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးအသင်းမှ သိရသည်။

သင်္ကြန်ကာလတွင် ဧပြီလ (၁‌၂) က စတင်ကာ ဧပြီလ (၁၈) ရက်နေ့အထိ ယာဉ်လိုင်းအချို့ ရပ်နားကြမည်ဟု ကချင်ပြည်နယ် ပုဂ္ဂလိကများယာဉ် ကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အစိုးရ ရုံးပိတ်ရက်လည်းဖြစ်တယ်၊သင်္ကြန်ကာလအတွင်းမှာ ယာဉ်လိုင်းအသင်းက ဝန်ထမ်းတွေလည်း နားရက်လည်း ဖြစ်ကြတယ်၊ ဒါကြောင့် သင်္ကြန်ကာလမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားဖို့ရှိတယ်။ သင်္ကြန်ကာလအတွင်း ရပ်နားမယ့် ယာဉ်လိုင်း‌ စာရင်းအတိအကျတော့ ဧပြီ ၅ ရက်နေ့မှ သိရမယ်“ ဟု ၎င်းက ဆိုသည်။

သင်္ကြန်ကာလအတွင်း ရပ်နားခြင်းမရှိဘဲ ပြေးဆွဲနေမည့် ယာဉ်များအနေဖြင့်လည်း သတ်မှတ်ထားသည့် စျေးနူန်းများထက် ကျော်လွန် ကောက်ခံခြင်း မပြုရန်လည်း သက်ဆိုင်ရာ ဌာနများက ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးအသင်းထံသို့ တရားဝင် စာထွက် အကြောင်းကြားထားကြောင်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

“ကျနော်တို့ ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးအသင်းကို သက်ဆိုင်ရာ ဌာကနေ တရားဝင် စာထုတ်ပေးထားပါတယ်၊ သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းရပ်နားဖို့ ကိစ္စနဲ့ နောက်ပြီး သင်္ကြန်ကာလမှာ ယာဉ်ရပ်နားခြင်းမရှိပဲ ဆက်လက်ပြေးဆွဲပေးမယ့် ယာဉ်များအနေနဲ့လည်း ယာဉ်စီးခ ကားခနူန်းများ တိုးမြှင့်မကောက်ခံဖို့ မှာကြားထားတာတွေ ရှိတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကချင်ပြည်နယ် ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးအသင်းတွင် တရားဝင်မှတ်ပုံတင်ကာ ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း (၁၀၀) ကျော်ရှိကြောင်း သိရပြီး မြစ်င်္ကြီးနား – မန္တလေး ကားခစျေးနူန်းမှာ ကျပ် (၃၀၀၀၀)၊ မြစ်ကြီးနား – ရန်ကုန် ကားခစျေးနူန်းမှာ ကျပ် (၅၀၀၀၀) တို့ဖြင့် သတ်မှတ်ကားခ စျေးနူန်းများဖြင့် နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။