Trending Now

မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေး ကူညီလှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံ ငွေပွဲ ပြုလုပ်

Spread the love

မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေး ကူညီလှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံ ငွေပွဲ ပြုလုပ်

EPN
ရန်ကုန် နိုဝင်ဘာ ၆ (၂၀၂၃)

လူထုအခြေပြု ပရဟိတအဖွဲ့က ကြီးမှူးကျင်းပသည့် မိုခါမုန်တိုင်းသင့် ပြန်လည်ထူထောင်ရေးတွင် ကူညီလှူဒါန်းခဲ့ကြသော အလှူရှင်များ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Heart of Rangoon (THOR) ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရခိုင်ရိုးရာစည်တော်ယွမ်းကာ ဖွင့်လှစ်ပြီး မိုခါမုန်တိုင်းကာလတွင် လှူဒါန်းကူ ညီထောက်ပံ့မှုတို့ကို ဗီဒီယိုကလစ်ဖြင့်ပြသခဲ့ကာ လူထုအခြေပြုပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးတွင် လှူဒါန်းထောက်ပံ့ခဲ့ကြသည့် အလှူရှင်များ စာရင်းနှင့် လှူဒါန်းခဲ့မှုတို့ကို အသင်းအထွေထွေ အတွင်းရေးမှူး ဦးရဲထက်နိုင်က ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အလှူရှင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးတွင် ပါဝင်ခဲ့ ကြသော အသင်းဝင်များအား အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဂုဏ်ပြုဆုများပေးအပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကာ မိုခါမုန်တိုင်း ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ရခိုင်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။