Trending Now

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် အိမ်ထောင်မပြုမီ အတူနေခြင်းကို တားမြစ်သည့် ဥပဒေအား ကန့်ကွက်ဆန္ဒပြ

Spread the love

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် အိမ်ထောင်မပြုမီ အတူနေခြင်းကို တားမြစ်သည့် ဥပဒေအား ကန့်ကွက်ဆန္ဒပြ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှာ အစိုးရက အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေမူကြမ်းသစ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေဟာ မြို့အတော်တော်များများမှာဖြစ်ပွားခဲ့ပြီး မြို့တော်ဂျာကာတာမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ ကျောင်းသားတွေဖြစ်ကြပြီး လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြအမျိုးသမီးတစ်ဦးကတော့ သူရဲ့ ကိုယ်အလယ်ပိုင်းကို အစိုးရမပိုင်ဘူးလို့ ရေးသားထားတဲ့စာတန်းနဲ့ ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။

အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေတွေထဲမှာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုကိုတားမြစ်ထားပြီး ကျူးလွန်ခဲ့ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရဖို့ရှိနေပါတယ်။ မင်္ဂလာမဆောင်ဘဲ အတူတူနေတဲ့ စုံတွဲတွေကတော့ ထောင်ဒဏ် ၆ လချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် သမ္မတ၊ ဒုသမ္မတ၊ ဘာသာရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအလံနဲ့ သီချင်းတွေကို ထိခိုက်စော်ကားမှုကို တရားမဝင်တဲ့လုပ်ရပ်အဖြစ်သတ်မှတ်ထားပြီး ကိုယ်ဝန်ဖျက်ချရင်လည်း အနည်းဆုံး ထောင်ဒဏ်လေးနှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။

အဆိုပါ ဥပဒေမူကြမ်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆန္ဒပြမှုတွေကြောင့် စက်တင်ဘာ ၂၇ ရက်နေ့ကို သမ္မတ ဂျိုကို ဝီဒိုဒိုက ရွှေ့ဆိုင်းထားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဥပဒေမူကြမ်းကို ရွှေ့ဆိုင်းထားပေမယ့် တရားဝင်အတည်ပြုမှာကို စိုးရိမ်နေကြပါတယ်။ မြို့တော် ဂျာကာတာက လွှတ်တော်အဆောက်အဦးရှေ့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေအသုံးပြုပြီး အင်အားသုံးလူစုခွဲမှုတွေလည်းရှိခဲ့ပါတယ်။

လက်ရှိမြို့တော်ဂျာကာတာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ချထားလျက်ရှိပါတယ်။

Ref;CNA
Indonesia protests over sex before marriage bill
———————————————————


EPN






Ref;CNA
Indonesia protests over sex before marriage bill


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။