Trending Now

ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တရုတ်က ရုရှားသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်

Spread the love

ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တရုတ်က ရုရှားသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၈

ရုရှားနိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက် တရုတ်တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဘေဂျင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရှုံ့ချမှုများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ နီးကပ်စွာရှိကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်လိုကြောင်း တရုတ်က ပြောကြားခဲ့သည်။

ရုရှား၏ သြဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ကျင်းပမည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော “Vostok” စစ်ရေးလေ့ကျင့်မှုတွင် တရုတ်၏ ပါဝင်မှုသည် ရုရှားနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံ စစ်တပ်တွေ ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်မှုကို မြင့်တင်ရေးနဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်သွားဖို့အပြင် အမျိုးမျိုးသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်း အားကောင်းစေဖို့အတွက် ရည်ရွယ်ထားပါတယ်။” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း အိန္ဒိယ၊ ဘီလာရုစ်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်နှင့် အခြားနိုင်ငံများလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ယူကရိန်းတွင် လပေါင်းများစွာကြာ စစ်ပွဲတစ်လျှောက် ရုရှားအတွက် သံတမန်ရေးရာ အကာအကွယ်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။

သို့သော် ဘေဂျင်းက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၎င်း၏ပါဝင်မှုသည် “လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေနှင့် မသက်ဆိုင်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။

“Vostok” စစ်ရေးလေ့ကျင့်မှုသည် ယခုနှစ်တွင် တရုတ်နှင့် ရုရှားတပ်များ ပူးပေါင်းပြုလုပ်သည့် ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

Source – tdp

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။