Trending Now

အိန္ဒိယအစိုးရ ဘော်ဒါဆောင်တစ်ခုမှာ အစာအဆိပ်သင့်မှုဖြစ်ပွားလို့ ကျောင်းသား ၁၀၀ ကျော် ဆေးရုံတင်ခဲ့ရ

Spread the love

အိန္ဒိယအစိုးရ ဘော်ဒါဆောင်တစ်ခုမှာ အစာအဆိပ်သင့်မှုဖြစ်ပွားလို့ ကျောင်းသား ၁၀၀ ကျော် ဆေးရုံတင်ခဲ့ရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ္ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းမှရှိတဲ့ အစိုးရဘော်ဒါဆောင်တစ်ခုမှာ စက်တင်ဘာ ၁၈ ရက်နေ့က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့လို့ ကျောင်းသား ၁၀၀ ကျော်ဆေးရုံတင်ခဲ့ရတယ်လို့ ဆင်ဟွာသတင်းက ဖော်ပြထားပါတယ်။

ဒီအဖြစ်အပျက်ဟာ မဒ္ဒရာပရာဒက်ရှ် ပြည်နယ်မြို့တော် ဘိုပေါလ် အရှေ့ဘက် ဂျာဘယ်လ်ပေါ မြို့ က ဘော်ဒါဆောင်မှာ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကျောင်းသားတွေဟာ ညနေစာစားပြီးနောက် ပျို့အန်ခြင်းနဲ့ ဗိုက်နာခြင်းတွေဖြစ်ပေါ်ခဲ့ပြီး ညည်းညူလာခဲ့ကြတဲ့အတွက် အရေးပေါ် ညတွင်းချင်း ဂျာဘယ်ပေါ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“ကျောင်းသားတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ အားလုံးက တည်ငြိမ်ပေမယ့် စောင့်ကြည့်နေဆဲပါ” လို့ ဂျာဘယ်လ်ပေါ ကျန်းမာရေးအရာရှိ မီရှာက ပြေကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆင်ဟွာက ဖော်ပြထားပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။