Trending Now

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်တွင် ငွေကျပ် ၁၁၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်တွင် ငွေကျပ် ၁၁၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသား နှစ်ဦးထံမှ ငွေကျပ် ၁၁၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့နယ် ၊ နန့်ကျရိချောင်းဝါးတံတားအနီးတွင် လမ်းလျှောက်လာသူ အောင်မျိုးတင့် နှင့် မောင်မြို့တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ဆွဲကိုင်လာသော ပလတ်စတစ်ပုံးများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ကီလို ( ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀ ) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၀၀ ပြား ( ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၂ သိန်း) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ အောင်မျိုးတင့် (၄၂ ) နှစ်နှင့် မောင်မြို့(၄၄) နှစ်တို့အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။