Trending Now

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် သဘောတူညီ

Spread the love

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် သဘောတူညီ

EPN
မြစ်ကြီးနား၊ ဧပြီ ၂၉

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စွာ ကုန်သွယ်မှုပြုလုပ်နိုင်ရေး မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာထားသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်ကုန်စည် စီးဆင်းမှုဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲကို ဧပြီ၂၈ရက်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံတာဝန်ရှိသူများက ညှိနှိုင်းသဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုနှင့် နယ်စပ်ဂိတ်များဖွင့်လှစ်မှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြပြီး နယ်စပ်ဒေသ ကပ်ရောဂါနယ်စပ်ဖြတ်ကျော်ကူးစက်မှုအား တင်းကြပ်စွာကာကွယ်၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် အာမခံခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာက ကပ်ရောဂါအခက်အခဲကိုကျော်ဖြတ်၍ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး “ပိတ်ဆို့မှု” “အခက်အခဲ” “ပြဿနာ” များအတွက် အတူတကွဖြေရှင်းရေးနည်းလမ်းများရှာဖွေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကူးလူးဖလှယ်ပွဲအား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာဌာန ဌာနမှူး Ms. Yang Mu မှကြီးမှူးကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဌာနမှူး Mr. Li Chenyang၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။