Trending Now

မုဒုံမြို့နယ်တွင် တက္ကသိုလ်ကြိုပို့ကားမှောက်ပြီး ၁၃ ဦးဒဏ် ရာရရှိ

Spread the love

မုဒုံမြို့နယ်တွင် တက္ကသိုလ်ကြိုပို့ကားမှောက်ပြီး ၁၃ ဦးဒဏ် ရာရရှိ

EPN
မုဒုံ၊ ဇန်နဝါရီ ၁၄ (၂၀၂၄)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မော်လမြိုင်-သံဖြူ ဇရပ်ကားလမ်းမ အဇင်း စိုက်ပျိုးရေးခြံရှေ့၌ ဇန်နဝါရီ ၁၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်ကတက္ကသိုလ် ကျောင်းအကြိုအပို့ လိုင်းကားမှ ဆိုင်ကယ်ကိုရှောင်ရင်း တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ကျောင်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါ တက္ကသိုလ် ကျောင်းအကြိုအပို့လိုင်းကား တိမ်းမှောက်မှကြောင့် ယာဉ်ပေါ်ပါလာသည့် အသက် ၆၁ နှစ်အရွယ်ယာဉ်မောင်း ၁‌ ဦး၊ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ၃ ဦး၊အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ၉ ဦး၊ စုစုပေါင်း လူ ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ တက္ကသိုလ်ကျောင်းပို့တဲ့ကားက ဆိုင်ကယ်ကိုရှောင်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ကားပေါ်ပါလာတဲ့ ယာဉ်မောင်းတစ်ဦး အပါအဝင် အားလုံး ၁၃ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရရှိတဲ့ အထဲက ခြောက်ဦးက ဒဏ်ရာနည်းနည်းပြင်းတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို သစ္စာပန်းခင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ မြန်မာလူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မုဒုံ)နှင့် စေတနာရှင် လူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။