Trending Now

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၅၅၀ ကျော် အတည်ပြု

Spread the love

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၅၅၀ ကျော် အတည်ပြု

EPN
နိုင်ငံတကာ၊ ဇွန် ၃

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်မှု အတည်ပြုလူနာ စုစုပေါင်း ၅၅၀ ကျော်သွားပြီလို့ ကျန်းမာရေးအဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဦးရေ စုစုပေါင်း ၃၂၁ ဦး ရှိကြောင်း ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ စင်တာက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ဖြစ်ပွားသူ ၁၉၆ ယောက်ရှိပြီး သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း အဲဒီရောဂါဖြစ်ပွားသူတွေကို အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပ ဒေသန္တရညွှန်ကြားရေးမှူးက ဥရောပမှာ အစောဆုံး ဧပြီလလယ်ကစပြီး ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေပြီး ကြီးမားတဲ့ပွဲလမ်း ဒါမှမဟုတ် ပါတီပွဲတွေမှာ အနီးကပ်ထိတွေ့တာတွေကတစ်ဆင့် ကူးစက်မှုတွေ ပျံ့နှံ့သွားခဲ့တာလို့ ဆိုပါတယ်။

“လာမယ့်လတွေအတွင်း စီစဉ်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ ပွဲတော်နဲ့ ပါတီပွဲအကြီးစားတွေကနေ ကူးစက်မှုတွေ ပိုများလာစေမယ့် အနေအထားတွေကို တိုးလာနိုင်တယ်” လို့ သူက သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် အမြန်ဆုံးနဲ့ ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ် လို့ သူက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထားရေး၊ ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မိသူတွေရဲ့ အဆက်အသွယ်ကို ခြေရာခံရေးနဲ့ ရောဂါကူးစက်မှုတွေကို လျင်လျင်မြန်မြန် ဖော်ထုတ်စစ်ဆေးအတည်ပြုနိုင်ဖို့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေမှာ အသိပညာနဲ့ ရောဂါရှာဖွေဖော်ထုတ်မှု စွမ်းရည်တွေ မွမ်းမံထားရေး အစိုးရတွေနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သူက တိုက်တွန်းခဲ့ပါတယ်။

ပွဲစီစဉ်သူတွေအနေနဲ့ ရောဂါကူးစက်နိုင်မှုအန္တရာယ်နဲ့ပတ်သက်ပြီး ပွဲတက်ရောက်သူတွေကို အသိပညာပေးမှု မြှင့်တင်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။