Trending Now

မြစ်ကြီးနားမြို့ ဖုန်းဆိုင်တစ်ခုတွင် သေနတ်ထောက်၍ iphone ၁၆လုံး အလုခံရ

Spread the love

မြစ်ကြီးနားမြို့ ဖုန်းဆိုင်တစ်ခုတွင် သေနတ်ထောက်၍ iphone ၁၆လုံး အလုခံရ

EPN
မြစ်ကြီးနား ၊ မေ ၂၇

မြစ်ကြီးနား မြို့ မြို့သစ်ရပ်ကွက်ရှိ I center ဖုန်းဆိုင်တွင် အမျိုးသားနှစ်ဦးမှ ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ထောက်၍ Iphone ၁၆ လုံး လုယူခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မနက်အစောပိုင်း ၉ နာရီခန့် ဆိုင်အတွင်း ဝန်ထမ်းတစ်ဦးတည်း ရှိနေချိန် အမျိုးသားနှစ်ဦးမှ ဆိုင်အတွင်းဝင်ရောက်၍ ဆိုင်ပိုင်ရှင်နာမည်အား မေးမြန်းကာ ဖုန်းကြည့်ချင်ကြောင်းပြောဆိုပြီးနောက် တစ်ဦးမှ သေနတ်ထောက်ကာ ကျန်တစ်ဦးမှ အိုင်ဖုန်း ၁၆ လုံး လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခါတိုင်းနေ့ဆို ဆိုင်မှာ ဝန်ထမ်းတွေကများတယ် ဒီနေ့မှ ဝန်ထမ်းတွေက ခွင့်ယူထားတော့ တစ်ယောက်ပဲရှိနေတာ ကျွန်တော်က အပြင်ခဏသွားတဲ့အချိန် 125 ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာပြီး ကျွန်တော်နာမည်ကိုမေးတာ ဝန်ထမ်းက ကျွန်တော်အသိထင်ပြီး ခဏထိုင်စောင့်ဖို့ ပြောတဲ့အချိန်မှာ ဖုန်းကြည့်ချင်တယ်ဆိုပြီး အထဲကိုဝင်ပြီး တစ်ယောက်က သေနတ်ထောက်ပြီး ဝန်ထမ်းကိုကြိုးတုတ်ပြီး ပါးစပ်ကို တိတ်ပတ်ပြီး ဆိုင်အနောက်မှာ ထားပြီး ဖုန်းတွေကို အိတ်ထဲထည့်သွားတာ” ဟု I center မှ ဆိုင်ပိုင်ရှင်က ပြောဆိုသည်။

ဆိုင်အတွင်း လုယူခံရသည့် ဖုန်းများမှာ iPhone 13Promax 256Gb နှစ်လုံး၊ Graphtie ၊13Promax 128Gbတစ်လုံး၊ Graphtie၊ 13Pro 256Gb Packing ရွှေရောင် တစ်လုံး ၊13Pro 256Gb နှစ်လုံး၊ 13 silver တစ်လုံး ၊11Promax 256Gb သုံလုံး ၊12Pro သုံးလုံး၊12 အပြာ ၊Xsmax တစ်လုံး၊ iPhone X တစ်လုံး စုစုပေါင်း ၁၆ လုံးဖြစ်ပြီး ကာလတန်ဖိုး သိန်း ၃၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။